ပြည် ဖေဖေါ်ဝါရီ
၇
အားကစား ဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာ
ဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ်သိန်း (၁၆၀ဝ) ထောက်ပံ့မှုဖြင့်
ပြည်မြို့တွင် (ခ)အဆင့်ရှိ မိုးလုံလေလုံ အားကစားရုံ တည် ဆောက်တော့မည် ဖြစ်သည်။
အဆိုပါ အားကစားရုံ ဆောက်လုပ်ရန် ပန္နက်ရိုက်ခြင်း
အခမ်းအနားကို ဖေဖေါ်ဝါရီ ၆ ရက် နံနက် ၉ နာရီက ခေတ္တရာ မြို့သစ် မင်္ဂလာရွှေပြည် အားကစားကွင်း
အတွင်း၌ကျင်းပခဲ့ ကြောင်း သိရှိရသည်။
ယင်း အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ကျော်လင်း၊ ဦးမျိုးအောင်
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် ခရိုင်အား/ကာ လက်ထောက် ညွှန်ကြားရေးမှူး
ဦးတင်ဝင်းတို့ တက်ရောက်၍ သတ်မှတ် နေရာများ၌
ပန္နက် ရိုက်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


No comments:
Post a Comment