နေပြည်တော် ဖေဖော်ဝါရီ ၂၅
မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်းပြီး
စွမ်းရည် ထက်မြက် သည့် ခေတ်မီ မျိုးချစ်တပ်မတော် အဖြစ် ရည်မှန်း တည်ဆောက် လျက်ရှိရာတွင်
ခေတ်မီစစ်လက်နက် ပစ္စည်းများတပ်ဆင်ရေးသည်
အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယနေ့ကျင်း
ပပြုလုပ်သည့် လေယာဉ်များ တပ်တော်ဝင်အခမ်း အနားသည် နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်
(လေ) ကို အားသစ်လောင်းပေးပြီး လေကြောင်း စွမ်းပကားမြှင့် တင်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်၍
နိုင်ငံတော်နှင့်တပ်မတော်တို့အတွက် ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်းဖြင့်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင်
မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်း၌ ကျင်းပပြုလုပ် သော တပ်မတော် (လေ)၏
'K-8W ' လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေးလေ ယာဉ်နှင့် BEE-
CH-1900 D သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်အခမ်းအနား၌ အမှာစကား ပြောကြားရာတွင်
ထည့်သွင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
ဇနီးဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး
ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
လေတပ်စခန်းဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်း
တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့က
တပ်တော်ဝင်အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က အမှာစကား ပြောကြား ရာတွင် K-8W လေယာဉ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ
CATIC ကုမ္ပဏီနှင့် ကာကွယ်ရေး ပစ္စည်းထုတ် လုပ်ရေး အရာရှိချုပ်ရုံး တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းတွင်
တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ လွှဲပြောင်း ပေးအပ်သည့် K-8W လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသည်
တတိယ အကြိမ်ဖြစ်၍ ယခုလွှဲပြောင်းပေးမှုအပါအဝင် တပ်မတော်(လေ)သို့ စုစုပေါင်းK-8W လေယာဉ်
၁၈ စင်းလွှဲပြောင်း ပေးပြီးဖြစ်ကြောင်း၊ K-8W လေ့ကျင့်ရေးဂျက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေး
တာဝန်များကို ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့် ရှေ့တန်းဂျက် တိုက်လေယာဉ်များ မောင်းနှင်မည့်
လေသူရဲများကို ကြားခံလေ့ကျင့် ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေး အမောင်းသင်ဂျက်လေယာဉ်
အမျိုးအစားဖြစ်ကြောင်း၊ တပ်မတော် (လေ) ၏ အနာဂတ်မျိုးဆက်သစ် လေသူရဲများကိုလေ့ကျင့်ပျိုးထောင်ပေးသွားနိုင်မည်ဖြစ်၍
နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ဆတက်ထမ်းပိုးထမ်းဆောင်သွားရန်များစွာ အထောက် အကူပြု
မည်ဖြစ်ကြောင်း။
BEECH 1900D လေယာဉ်များနှင့် ATR 42လေယာဉ်တို့သည်
အလတ်စားသယ် ယူပို့ဆောင်ရေး ယာဉ်များ ဖြစ်ပြီး ခရီးသည် သယ်ယူပို့ဆောင်ခြင်း၊လူနာသယ်ဆောင်ခြင်း၊
ကုန်ပစ္စည်းများ သယ် ယူပို့ဆောင်ခြင်းနှင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးဆောင် ရွက် ခြင်းတာဝန်များကို
ထမ်းဆောင်နိုင် သည့်အတွက်လည်း နိုင်ငံတော်နှင့် တပ်မတော်အတွက် များစွာအကျိုးရှိ စေမည်ဖြစ်ကြောင်း၊
မျက်မှောက် ခေတ် ကမ္ဘာ့ရေးရာများကို လေ့လာကြည့်ပါက လေကြောင်းစွမ်းပကားသည် များစွာအရေးပါလျက်
ရှိကြောင်း၊လေကြောင်း စွမ်းအား သာလွန်မှု ကိုအားပြု၍ စစ်ပွဲအောင်နိုင် ရေးအတွက် မိမိယှဉ်ပြိုင်ဘက်အပေါ်
လွှမ်းမိုးချုပ်ကိုင်ရန်နှင့် မိမိတပ်များ တိုက်ပွဲစွမ်းရည်ပိုမိုတိုးတက်စေရန် အသုံးပြုလာကြကြောင်း၊
သာလွန်သောလေကြောင်းစွမ်းအား ရရှိရေး အတွက် ခေတ်မီလေ တပ်မတော်တစ်ခုတည်ထောင်ရမည် ဖြစ်သကဲ့သို့
ခေတ်နှင့်အညီပြောင်း လဲတိုးတက်လာသော နည်းပညာရပ်များကိုလည်း သိရှိလေ့လာကျွမ်းဝင် တတ်မြောက်နေရန်လိုကြောင်း။
တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကား မြှင့်တင်ရေးအတွက်
ခေတ်မီနည်းပညာသုံး လေယာဉ်/ရဟတ် ယာဉ်များ၊စက် ပစ္စည်း/ လက်နက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်ရေးနှင့်အတူ
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက်ကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် ကြိုးပမ်းလုပ်ဆောင်သွား
ရမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင် လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်
ပြည်သူလူထုကို တိုင်းပြု ပြည်ပြု လွှတ်တော်နှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာ တွင်
လေတပ်နှင့် ပတ်သက်၍ ''လေတပ်ဆိုတာ အခုမှစ တုန်းရှိသေးတယ်။
ဒီတိုင်းပြည်လို လေတပ်မျိုးဟာ အဖျင်းဆုံးလေယာဉ်
ပျံအစင်း ၅ဝဝ လောက် ရှေ့တန်းလေယာဉ်ပျံခေါ်ပါတယ်။ First Line Plane အဖျင်းဆုံးစစ်ဖြစ်
ဖြစ်ချင်းလေယာဉ်ပျံအစင်း ၅ဝဝ လောက်ရှိမှ ဒါတောင်မှ လုံလောက် တယ်လို့မခေါ်နိုင်သေးဘူး။အဲဒီလေယာဉ်ပျံတွေ
၅ဝဝ က ရှေ့မှာ တိုက်တဲ့အခါနောက်မှာက လေယာဉ်ပျံတစ်စင်းကိုသုံး၊ လေးစင်းအရန်ထားရမယ်။
အဲဒီနောက်မှာက အဖျင်းဆုံးလေယာဉ်ပျံ ၅ဝဝ ထပ်ဖြည့်မှ ဖြစ်မယ်'' ဆိုပြီးမိန့်ကြားခဲ့ရာ
ယနေ့တပ်မတော်(လေ)၏အခြေအနေဖြင့် ချိန်ထိုးကြည့်နိုင်ပါကြောင်း။
အနာဂတ်အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်သည့်
အခန်းကဏ္ဍတွင် ပါဝင်မည့် တပ်မတော်သည် အမှန်တကယ်စွမ်းရည်ရှိသော တပ်မတော်ဖြစ်ရန် လိုအပ်ပါကြောင်း၊
စွမ်းရည်ရှိသော တပ်မတော် ဖြစ်မှသာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့်
တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးကို အားဖြည့်၍ ဆောင်ရွက်ပေးနိုင် မည် ဖြစ်သကဲ့သို့ ပြည်သူ
့ အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက်ပေး နိုင် မည်ဖြစ်ကြောင်းနှင့် လေယာဉ်များ
တပ်တော်ဝင်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ခဲ့ကြသူများကို ချီးကျူးမှတ်တမ်းတင်ကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက်စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးက
လေ့ကျင့်ရေး ဂျက်လေယာဉ်နှင့်သယ်ယူပို့ ဆောင်ရေးလေ ယာဉ်များအား တပ်တော် ဝင်အဖြစ်ကြေညာပြီး
လေယာဉ်ဆိုင်ရာ အထောက်အထား၊ စာရွက် စာတမ်းများကို ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်
ဗိုလ်ချုပ်အောင်မျိုးမင်းက လေကြောင်း အတတ်သင် လေတပ်စခန်း၊ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်
မောင်မောင်ကျော်ထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး
ခင်အောင်မြင့်နှင့်ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့က တပ်တော်ဝင်အထိမ်း အမှတ်အမှတ်တရလက်ဆောင်အား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက
ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် CATIC COMPANY မှဒုတိယ ဥက္ကဋ္ဌ Mr. Liu Jianhai တို့အား
အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား
တပ်တော်ဝင် အထိမ်းအမှတ် လေယာဉ်/ ရဟတ်ယာဉ် အုပ်ဖွဲ့များမှ Fly Past ဖြင့်ပျံသန်းအလေးပြုခြင်း
အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပထမအုပ်ဖွဲ့ ပျံသန်းအ လေးပြုခြင်းတွင် တံခွန်အုပ်ဖွဲ့မှ
ရဟတ်လေးစင်းဖြင့် လည်းကောင်း၊ ဒုတိယအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းတွင် ရန်နိုင်အုပ်ဖွဲ့မှ
အမောင်းသင်လေယာဉ် ခြောက်စင်းဖြင့်လည်းကောင်း၊ တတိယအုပ်ဖွဲ့ပျံသန်း အလေးပြုခြင်း တွင်
ရဲမာန်အုပ်ဖွဲ့မှ လေ့ကျင့်ရေး ဂျက်လေယာဉ် လေးစင်းဖြင့် လည်းကောင်း၊ စတုတ္ထ အုပ်ဖွဲ့ပျံသန်း
အလေးပြုခြင်းတွင် ရာဇာ အုပ်ဖွဲ့မှ ဘက်စုံသုံးတိုက်လေယာဉ် ငါးစင်းဖြင့်လည်းကောင်း အစီအစဉ်အတိုင်း
ပျံသန်းအလေးပြုကြသည်။
ထို့နောက် သရုပ်ပြပျံသန်းခြင်း အစီ အစဉ်ကို
ဆက်လက်ကျင်းပရာ ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ်ငါးစင်းမှ Fan Breakဖြင့် သရုပ်ပြပျံသန်းခြင်း၊
ဂျက်တိုက်လေ ယာဉ်လေးစင်းမှ Zoom Climbing Turn ခေါ်သော လေယာဉ်ကို အပေါ်သို့ တက်လျက် ဘယ်/ညာ
ကွေ့ခြင်း၊ Box Formation Loop ခေါ်သော စတုဂံပုံစံ အုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်း ထိုးသရုပ်ပြပျံသန်း
ခြင်း၊ Shock Wave Formation Loop ခေါ်သော လေထုကို ဖောက်ခွင်းသည့် မြားခေါင်းပုံစံ အုပ်ဖွဲ့ဖြင့်
နောက်ပြန်ကျွမ်းထိုးသရုပ်ပြပျံသန်းခြင်း၊ Tootsie Rolls ခေါ်သော ဂျက်တိုက်လေယာဉ်သုံးစင်းတွဲ
အုပ်ဖွဲ့ကို အခြားတစ်စင်းမှ ရစ်ပတ်ပျံသန်းသရုပ်ပြခြင်း၊ Twinkle Rolls ခေါ်သော လေးစင်းတွဲလျက်
တစ်ပြိုင်တည်း ဘေးလိမ့်ကျွမ်းထိုး ပျံသန်းသရုပ်ပြခြင်းနှင့်Bomb Bust Loop ခေါ်သော နောက်ပြန်
ကျွမ်းထိုးသရုပ်ပြပျံသန်းခြင်းတို့ကို ပျံသန်းသရုပ်ပြကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တပ်မတော်
အရာရှိကြီးများက တပ်တော်ဝင်လေ့ကျင့်ရေး ဂျက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များကို
အမွှေးနံ့သာများပက်ဖျန်းကြပြီး မီးရှူးမီးပန်း ပစ်လွှတ်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့် ရှုကြသည်။

No comments:
Post a Comment