ရေနံချောင်း ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး
ရေနံချောင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှေ့တန်းရောက် တိုက်ပွဲဝင်
စစ်သည်များနှင့် ရဲမေများ အား ဂုဏ်ပြုငွေလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည်။
အဆိုပါ
ဂုဏ်ပြုပွဲတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီး သိန်းဝင်း(ငြိမ်း)က လက်ရှိ
လောက် ကိုင် ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်
အဖွဲ့အတွင်းရေးမှူး တပ်ကြပ်ကြီးတင်ရွှေ (ငြိမ်း)က လှူဒါန်းပွဲသို့တက်ရောက်လာသောအဖွဲ့ဝင်
များနှင့် အရန်အဖွဲ့ဝင်များ၏ မေးမြန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့တန်းရောက်တိုက်ပွဲဝင်စစ်သည်နှင့်
ရဲမေများအတွက် အလှူငွေကျပ် ၁ဝဝဝဝဝ လှူဒါန်းရန်နှင့် မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့သည်
တပ်မတော်၏ အရန် အင်အားအဖြစ် ထာဝစဉ်ရပ်တည်ပြီး လိုအပ်သောတာဝန်များကို ပူးတွဲ ထမ်းဆောင်
သွားကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment