ပြည်ပတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်
ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်ကြီးများသည်
မြန်မာ့ပညာရေးသမိုင်းတွင် ထင်ရှားအောင်မြင်ခဲ့သည့် တက္ကသိုလ်ကြီး များဖြစ်သည့် အလျောက်
ယခုအခါ အဘက်ဘက်မှ မြှင့်တင်မှုများပြုလုပ်နေသည့် အပြင် ပြည်ပတက္ကသိုလ်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုများ
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ တက္ကသိုလ်များ၏အဆင့်
အတန်းကို မြှင့်တင်ပေးနေခြင်းသည်ပင်လျှင်
ပညာရေးအဆင့်အတန်းကို မြှင့်တင် ပေးနေ ခြင်းဖြစ်ပါသည်။ အနာဂတ်တွင် အရည်အချင်းပြည့်ဝသော
လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် တက္ကသိုလ်များ၏အဆင့် အတန်းကို မြှင့်တင်ပေးနေခြင်းဖြစ်ပါသည်။
တက္ကသိုလ်ဆိုသည်မှာ
ပညာများကို စနစ်တကျပို့ချပေးရာ ကျောင်းကြီးများအား တက္ကသိုလ်ဟုခေါ် ဆိုကြောင်း မြန်မာ့စွယ်စုံကျမ်းတွင်
ဖော်ပြထားပါသည်။ ရှေးအခါက တက္ကသိုလ်များသည် စာပေပညာ၌ ဝါသနာ ပါသူတစ်စုက အထက်တန်းပညာရပ်များကို
သင်ကြားပေးရန် ဖွဲ့စည်းပေးထားသော အဖွဲ့အစည်း များသာဖြစ်ကြောင်း မှတ်သားဖူးပါသည်။ သို့သော်
မျက်မှောက်ခေတ်သည်ကား ကျယ်ပြန့်နက်ရှိုင်းသော ပညာရပ်များ၊ ဗဟုသုတများ၊ သင်ခန်းစာများကို
သင်ကြားပေးရာ နေရာများအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် ထူးချွန်သော
အတတ်ပညာရှင်၊ အသိပညာရှင်များ မွေးထုတ်ပေးရာဌာနများပင် ဖြစ်ပါသည်။
ဤသို့
ထူးချွန်ပညာရှင်များ မွေးထုတ်ရာတွင် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှ အတတ်ပညာများကိုပါ
လက်လှမ်းမီ ဆည်းပူးခွင့်ရရှိရန် လွန်စွာအရေးကြီးလှပေသည်။ထို့ကြောင့်လည်း မန္တလေးတက္ကသိုလ်နှင့်
အမေရိကန်ပြည်ထောင်စုNorthern Ilinois Universityတို့အကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဖေဖော်ဝါရီ ၁၃ ရက်က မန္တလေးတက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။ ဤနားလည်မှုစာချွန်လွှာအရတက္ကသိုလ်နှစ်ခုအကြား
သုတေသနလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို
ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ ပညာတော်သင်စေလွှတ်ရေး၊ ပညာရပ်နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေရန်
ပြည်ပတက္ကသိုလ်များနှင့်သင်ရိုးညွှန်းတမ်းများ အပြန်အလှန် ဖလှယ်ရေး၊ ဘာသာရပ်အလိုက် ဆွေးနွေးပွဲများနှင့်စာတမ်းဖတ်ပွဲများတွင်
ပြည်ပပညာ ရှင်များနှင့်ပိုမို ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ကျယ်ပြန့်နက်ရှိုင်းစွာ
ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် ပြည်တွင်း
တက္ကသိုလ် ပညာရပ်များကိုသာမက ပြည်ပပညာရပ်များကိုပါ လက်လှမ်းမီ ဆည်းပူး လာနိုင်မည်ဖြစ်ပါသည်။
ယခုအခါ
မန္တလေးတက္ကသိုလ်အနေဖြင့် အမေရိကန်၊ အီလီနွိုက် တက္ကသိုလ်နှင့်သာမက ဂျာမနီ၊ ဂျပန်၊ အင်္ဂလန်၊
ဆွစ်ဇာလန်၊ ကိုရီး ယား၊ သြစတြေးလျ၊ ထိုင်း၊စင်ကာပူနိုင်ငံတို့ရှိ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့်
ပညာရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၂ ခုလက်မှတ်ရေးထိုး ထားပြီဖြစ်ကြောင်း
သိရပါသည်။ အလားတူ ရန်ကုန် တက္ကသိုလ်သည်လည်း ပြည်ပတက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှု
အရှိန်အဟုန်မြှင့်တင် လျက်ရှိပါသည်။ သို့ပါ၍ ပြည်ပ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအား
ကောင်းလာ သည်နှင့်အမျှ အဆင့်မြင့်ပညာရပ်များ ပိုမိုဆည်းပူးလာနိုင် တော့မည်ဖြစ်ပါကြောင်း။
။
No comments:
Post a Comment