Thursday, February 19, 2015

ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်ဖိတ်ခေါ်ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဂျပန်နိုင်ငံ အိုဆာကာအခြေ စိုက်ကန်ဇိုင်း စီးပွားရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာရှိုဆုကဲမိုရိ ဦးဆောင်သည့် စီးပွားရေး လုပ်ငန်း ရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်မှု အခြေအနေ၊ ပထမငါးနှစ်စီမံကိန်းတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၇)ရပ်၊ ဘဏ္ဍာရေး၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် သင်တန်းများနှင့် နည်းပညာဆိုင်ရာ အကူအညီများနှင့်ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် ဂျပန်ကုမ္ပဏီ များအတွက် စီးပွားရေး အခွင့်အလမ်းများ၊ ကန်ဇိုင်းစီးပွားရေး လုပ်ငန်းအဖွဲ့ချုပ်မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် ရန် ဖိတ်ခေါ်ကြောင်းဖြင့် ဆွေးနွေးသည်။
ထို့နောက် ကန်ဇိုင်းစီးပွားရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ ရှိုဆုကဲမိုရိနှင့် စီးပွားရေးကိုယ်စားလှယ်များက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည့်ကိစ္စများကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment