Saturday, February 21, 2015

မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိရေး ဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂ဝ

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Hon. Dato’ SERI HISHA-MMUDDIN TUN HUSSEIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန်တွင် လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေး၊ မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပြဋ္ဌာန်းထားရှိသည့် ဥပဒေ နှင့်အညီ ရသင့်ရထိုက်သော ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိရေးနှင့် လူမှုဘဝလုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်နှင့် ဦးသန့်ကျော် တို့ တက်ရောက်ကြသည်။

No comments:

Post a Comment