Friday, February 27, 2015

တုတ်ဖြင့်ရိုက်၍ သေနတ်လုရန် ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး



နေပြည်တော်  ဖေဖော်ဝါရီ  ၂၇
 ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ် ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်တွင် နမ့်ဆလပ်မြို့၏ အနောက်ဘက် ၃ မိုင်ခွဲခန့်အကွာ ကားလမ်း၏ မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် ၃၂ နှစ်ခန့်ရှိ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်း ဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့်ရိုက်နှက်၍ သေနတ်အား လုယူရန်ကြိုးစားခဲ့သည်။

ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်  ပစ်ခတ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူနေ ထိုင်ရာ တဲအတွင်းမှ ဒုံးပစ်လောင် ချာ ပို့ကျည် ၁တောင့်အား တွေ့ရှိရပြီး ဖြစ်စဉ်နေရာနှင့် အနီးဆုံးဖြစ်သော တန့်ဆော်ရွာ အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါ အမျိုးသားသည် ၎င်းတို့ရွာသား မဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူးခြင်း မရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိလူမနေသောအစောင့်တဲသို့ လွန်ခဲ့သော ၃ ရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက် နေထိုင်သည် ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြီုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment