Friday, February 27, 2015

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ




နေပြည်တော်  ဖေဖော်ဝါရီ   ၂၇
လောက်ကိုင်မြို့နယ်မှ တပ်မတော်စစ်ကြောင်များက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေဇင်မြို့သစ် ရပ်ကွက်(၃)အဝိုင်း၌ မသင်္ကာဖွယ်ရာ အရပ်သား ၃ ဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာနေ လီဆင်းဝ ၂၆ နှစ် (ဘ) ဦးလီဖျင်ချန်၊ ချိန်ရီ (၂၇)နှစ်(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင် ၂၄ နှစ် (ဘ) ဦးဝူလျှောက်ဝါတို့အား အိုက်စ်အမှုန့် ၃၅၀ ဂရမ်၊ အက်ဖက်တမင်းအဖြူမှုန့်နှင့် ၄၅၀၀ ဂရမ်ပါ ၁ ထုပ်၊ ၁ ကီလိုဂရမ်ပါ ၁ ထုပ်၊ ၃ ဂရမ်ပါ ၁ထုပ်နှင့် WY စတမ်းပါ စိတ်ကြွရူးသွပ်ဆေးဝါး ၁၅၅၀ ပြား စုစုပေါင်းကာလ တန်ဖိုး ကျပ် ၁၃၂ သိန်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းများက အဆောက်အအုံ တစ်လုံးအား ဝင်ရောက်ရှင်းလင်းခဲ့ရာ ၎င်းအဆောက်အအုံအတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ပြား၊ ကာလတန်ဖိုးကျပ် ၁၈ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများအား လောက်ကိုင်မြို့ရှိ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့သို့ စနစ်တကျ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment