ရန်ကုန် ဖေဖော်ဝါရီ ၁၄
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍
ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့်လေးပွင့် ဆိုင် ဆွေးနွေးပွဲရ လဒ်ဆိုင်ရာ ဆက်လက်ဆောင်ရွက်သွားမည့်
အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ယနေ့
ဆွေးနွေးပွဲကို အစီအစဉ် နှစ်ရပ်ဖြင့်ကျင်းပရာ ပထမပိုင်း အစီအစဉ်အဖြစ် နိုင်ငံတော်အစိုးရအဖွဲ့မှ
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းနှင့်
တာဝန် ရှိသူများ၊ ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီအကြံပေး အဖွဲ့ဝင်များ၊
ပညာရေး ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု
ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့်လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင်
မူအားဖြင့် သဘောတူညီခဲ့သော အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် အခန်းတစ်ခန်းချင်းအလိုက်
ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ရှေးဦးစွာ
ယနေ့ဆွေးနွေးပွဲ၌ Moderator အဖြစ်ဆောင်ရွက်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အဖွင့်အမှာ စကား
ပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲတွင် မေတ္တာနှင့် စေတနာကိုရှေ့ထားကာ ဆွေးနွေးကြစေ လိုပါကြောင်း၊
ဖေဖော်ဝါရီ ၁၁ ရက် တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသောရလဒ်ကို သန်း ၅ဝ ကျော်သော ပြည်သူလူထုက
ကျေနပ်ကြပါကြောင်း၊ ယင်းအောင်မြင်မှု သည် ပြည်သူအားလုံး၏ အောင်မြင်မှု ဖြစ်ပါကြောင်း၊
နားလည်မှု အပြည့်ဖြင့် ဆွေးနွေးပေးကြ သည်မှာ ကျေးဇူး တင်စရာဖြစ်ပါကြောင်း၊ လူငယ်များ၏
တက်ကြွမှု၊ လူကြီးများ၏ရင့်ကျက်မှု၊ ပညာရှင်များ၏ အသိများနှင့် ပေါင်းစပ် လိုက်ပါက မိမိတို့နိုင်ငံ
အနာဂတ် လွန်စွာ လှပမည်ဖြစ်ပါကြောင်း၊ မူကြမ်းရပြီးပါက ဥပဒေပြင်ဆင်ရေး အပိုင်းများကို
ဆွေးနွေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
တစ်တိုင်းပြည်လုံး
မျှော်လင့်နေသာ ဥပဒေအသစ် ဖြစ်သည့်အတွက် အဘက်ဘက်က ပြည့်စုံအောင် စဉ်းစား ဆောင်ရွက် သင့်ပါကြောင်း၊
ယုံကြည်မှုတည်ဆောက်ရန်မှာ အချိန်များစွာ ယူရပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊
ယုံကြည်မှုတို့ဖြင့် ဆောင်ရွက်ကြရန် ပန်ကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
Moderator အဖြစ်ဆောင်ရွက်သူ ဒေါက်တာကျော်သူက အားလုံးကတိကဝတ်ပြုထားသည့်အတိုင်း သဘောတူညီချက် များကို
အောင်မြင်အောင် ဆက်လက်ဆွေးနွေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယပိုင်းအစီအစဉ်အဖြစ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး
ဦးလှထွန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကိုကိုဦးနှင့် ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာ
ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေး မြှင့်တင်မှု
အကောင် အထည်ဖော်ရေး ကော်မတီအကြံပေး အဖွဲ့ဝင်များ၊ ပညာရေးပြုပြင် ပြောင်းလဲမှု နိုင်ငံလုံး
ဆိုင်ရာကွန်ရက်နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ မှ ကျောင်းသား ကိုယ်စား
လှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားရာတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်
ဥပဒေမူကြမ်း ထွက်ပေါ်လာရေးအတွက် ယနေ့နံနက်ပိုင်းတွင် ဆွေးနွေးသဘောတူညီမှုများ ရရှိခဲ့ကြပါကြောင်း၊
ဥပဒေမူကြမ်း ရရှိပြီးဖြစ်၍ ကျောင်းသား များက တောင်းဆိုထားသည့် အချက်များ အဆင့်လိုက် ဆောင်ရွက်
ပေးမှုကြောင့် ကျေ နပ်အောင်မြင်မှုများ ရရှိနေပြီဟု ဆိုနိုင်ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံရေး
ကျင့်စဉ်နှင့် အညီ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှု၏ အောင်မြင်မှုရလဒ်ကောင်းများဖြစ်ပါကြောင်း၊
တောင်းဆို ချက်များအား ဖြည့်ဆည်းဆောင် ရွက် ပေးခဲ့ပြီးဖြစ်၍ သပိတ်စစ်ကြောင်းများ အနေဖြင့်
အောင်မြင်မှုကို ပိုက်လျက် လက်ရှိနေရာများမှ သက်ဆိုင်ရာဒေသများသို့ ငြိမ်းချမ်းစွာ ပြန်လည်သွားရောက်
နိုင်ပြီဖြစ်ပါကြောင်း၊ မကြာမီ ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲရာသီရောက်ရှိ လာပြီဖြစ်၍
အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးကြစေလို ပါကြောင်း၊ အမျိုးသား ပညာရေး
ဥပဒေကြမ်းအား လွှတ်တော်သို့ အမြန်ဆုံး တင်ပြ၍ အတည်ပြုနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်
ပြောကြားခဲ့သည်။
ယင်းနောက်
သက်ဆိုင်ရာအဖွဲ့များက တင်ပြဆွေးနွေးခဲ့ကြပြီး ပူးတွဲထုတ်ပြန် ကြေညာချက်တစ်ရပ် ထုတ်ပြန်
ခဲ့သည်။
အမျိုးသား
ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သက်ဆိုင်ရာ Working Group များ၏ ဆွေးနွေးပွဲကို ရန်ကုန်
တက္ကသိုလ် အစည်းအဝေးခန်းမ၌ ဖေဖော် ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ထပ်မံ၍ အပြီးသတ်ရေးသား
ပြုစု ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment