ဖြူး ဖေဖော်ဝါရီ
၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးသက်ခိုင်နှင့်
ဝန်ထမ်းများက မိုးပွင့်အထူးစီမံချက်အရ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့
အသက်(၁ဝ)နှစ်နှင့် (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို
ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁ဝ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌
ကျင်းပသည်။
နိုင်ငံသား စိစစ်ရေးကတ်ပြားများ စုပေါင်းပေးအပ်ပွဲတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်နှင့် မြို့နယ် ဦးစီးဌာနမှူး ဦးသက်ခိုင်တို့က
မိုးပွင့်အထူးစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေးနေမှု
အခြေအနေနှင့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံသား စိစစ်ရေး ကတ်ပြားများ လက်ခံရယူကြမည့်
မိဿလင်း ကျေးရွာ အုပ်စုအတွက် ၂၅၁ ကတ်၊ အမဲခေါင် အုပ်စုအတွက် ၁ဝ၁ ကတ်၊ သာယာကုန်း အုပ်စုအတွက်
၄၈ကတ်၊ ကျီးရိုးအုပ်စု အတွက် ၁၆၇
ကတ်၊ ဇလုပ်အုပ်စုအတွက် ၈၃ကတ်၊ လှေဒုံးအုပ်စုအတွက် ၇၆ ကတ်၊ အင်ပင်သာ အုပ်စုအတွက် ၁၂၉ ကတ်၊ ဖြူးအရှေ့အုပ်စုအတွက် ၂ဝ၉ ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ဝ၆၄ ကတ်တို့ကို ကျေးရွာ
အုပ်စုအုပ်ချုပ်ရေး မှူးထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

No comments:
Post a Comment