ကမမောင်း
ဖေဖော်ဝါရီ ၁၈
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းကရင်ပြည်နယ် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန
ပြည်နယ်နှစ်ရှည်သီးနှံ(ရော်ဘာ)တာဝန်ခံ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစန်းအောင်နှင့် ဝန်ထမ်းများသည် ရော်ဘာခြံ
ရှင်များနှင့် တွေ့ဆုံ ၍ ရော်ဘာပင် စိုက်ပျိုးထိန်းသိမ်းခြင်းအတွက် ပညာပေးဟောပြောခဲ့သည်။
မြို့နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဖွဲ့စည်းခြင်းအတွက်
ခြံရှင်များ၏ ဆန္ဒသဘောထားကို မေးမြန်းတိုင်ပင်၍ ဖွဲ့စည်းကြခြင်း၊ ရော်ဘာခြံရှင်များ
သိရှိလိုသောအကြောင်းအရာများ၊ အခက်အခဲများကို မေးမြန်းကြခြင်း၊ ပြန်လည် ရှင်းပြ ခြင်း၊
ဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ရော်ဘာခြံပိုင်ရှင် ဦးချာလီ၏ခြံသို့
သွားရောက်၍ ရော်ဘာခြံ ပိုင်ရှင်များ အား ရော်ဘာပင်များ ကို နှစ်အလိုက် မြေသြဇာကျွေး နည်း၊
မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနည်း၊ ပြုစုထိန်းသိမ်းနည်း၊ အစေး ခြစ် နည်း၊
တောင်ကုန်းများတွင် ကွန်တိုနည်းဖြင့် ရော်ဘာပင်များ စိုက်ပျိုးနည်း၊ တစ်ဧကတွင် ရော်ဘာပင်
စိုက်ရမည့်အရေအတွက် အကွာ အဝေးများကို လက်တွေ့ကွင်းဆင်း၍ ပညာပေးသရုပ်ပြခြင်းများ ဆောင်
ရွက်ပေးခဲ့ကြရာ ရော်ဘာခြံပိုင်ရှင် ဦးမျိုးချစ်မှ ယခုလို ကွင်းဆင်းပြီး လက်တွေ့ရှင်းပြခြင်း၊သရုပ်ပြခြင်းများ
ပြုလုပ်ပေးသည့်အတွက် ရော်ဘာခြံရှင်များကိုယ်စား အထူးပင်ကျေးဇူးတင်မိပါသည်''ဟု ပြောကြားခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment