Thursday, February 19, 2015

ရှေ့တန်းရောက်တပ်မတော်သားများနှင့် ကျဆုံး၊ ဒဏ်ရာရ အရာရှိ၊ စစ်သည်၊ စစ်သမီးများ အတွက် အလှူငွေပေးအပ်

တာချီလိတ် ဖေဖော်ဝါရီ ၁၈
တာချီလိတ် စစ်ဗျူဟာ (အခြေချ) ကျောက်ဆည် ရိပ်သာတွင် ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီက လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ရင်း တိုက်ပွဲကျ၊ ဒဏ်ရာရရှိခဲ့သောအရာရှိ၊ စစ်သည်၊ စစ်သမီးများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပရာ စစ်ဗျူဟာအဖွဲ့ အခြေချ (တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးနှင့် တာချီလိတ်တပ်နယ်မှ



တပ်မတော်သားများ၊ အရာရှိ အရာခံ တပ်သားများ၊ ရဲမေများ၊ ဌာနေပြည်သူ့စစ် အဖွဲ့ဝင်များ၊ သတ္တုလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက် ဆိုင်ပိုင်ရှင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များနှင့် တာချီလိတ်မြို့ သတင်းမီဒီယာများ တက်ရောက် ကြသည်။
ထို့နောက် စေတနာရှင်များမှ လှူဒါန်းငွေများကို စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက လက်ခံရယူခဲ့ပြီး အလှူရှင် များ၏ စုစုပေါင်းအလှူငွေကျပ် ၅၈၁ဝဝဝဝ ရရှိခဲ့ကြောင်း သိရသည်။ အလားတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ လောက်ကိုင်ဒေသတွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်ရင်း တိုက်ပွဲကျ၊ ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်၊ စစ်သမီးများအတွက် ဖေဖော်ဝါရီ ၁၅ ရက်က ရှမ်းပြည်နယ်(အရှေ့ ပိုင်း) တာချီလိတ်မြို့ တာချီလိတ်စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူးနှင့် အရာရှိ အရာခံ တပ်သားများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များမှ ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၂ဝဝဝဝဝဝ ပေးအပ်လှူဒါန်းရာ ကျိုင်းတုံတြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးမင်းမင်းလွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

No comments:

Post a Comment