နေပြည်တော် ဖေဖော်ဝါရီ ၁၈
အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများအတွင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေး အတွက် အကြံဉာဏ်ပေးခြင်းနှင့် သင့်လျော်သည့်
အစီအမံများချမှတ် ဆောင်ရွက် ခြင်း တို့ကို
ဆောင်ရွက် နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အဖွဲ့ဝင်များ ဖြစ်ကြသည့်
ဦးကျော်မြင့်နှင့် ဦးစိုးတင့်ျ တို့သည် ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၉)ရှိ အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တားဆီးကာကွယ်ရေး
အတွက် ဥပဒေရေးရာများ၊ အသိပညာပေး ဆွေးနွေး ဟောပြောသည်။
အဆိုပါ ဟောပြောပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က အဂတိ လိုက်စားမှု ဥပဒေများနှင့် ပတ်သက်၍ ပုဒ်မများ၊ ကောက်နုတ်ချက်
အသေးစိတ် ရှင်းလင်းမှုကို လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်မြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်၏ ဆောင်ရွက် ချက်များနှင့် ဥပဒေရေးရာများ၊ နောက်ခံသမိုင်း၊ အရေးယူ ဆောင်ရွက်မှု
အခြေအနေများ၊ ခေတ်မီသော ဥပဒေသစ်တစ်ရပ် ပေါ်ထွန်း လာရေး ကြိုးပမ်း ဆောင်ရွက်မှု၊ ဆက်လက်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဝန်ထမ်း များ အနေဖြင့် ဥပဒေကိုသိရှိပြီး
သတိပြု ဆင်ခြင်နိုင်စေရေးနှင့် ပူးပေါင်းဆောင်ရွက် နိုင်စေရေး တို့အတွက် ဆွေးနွေးဟောပြောခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍
ဝန်ထမ်း(၅)ဦးမှ သိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူ များက အသေးစိတ် ပြန်လည်ရှင်းလင်း
ဖြေကြားပါသည်။
အဆိုပါ အခမ်းအနားသို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးချန်မောင်နှင့် ဦးမြင့်သိန်း၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း
(၃၅၆)ဦး တက်ရောက် ခဲ့ကြ ကြောင်း သိရှိ ရသည်။
No comments:
Post a Comment