လားရှိုး ဖေဖော်ဝါရီ ၁၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးသန့်ရှင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင် သူ၊ ပြည်နယ်လူမှုရေး ၀န်ကြီး
ဒေါက်တာမျိုးထွန်း တို့သည် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လည် (၂)နာရီအချိန်က လားရှိုးမြို့၊အ.ထ.က(၁)ခန်းမတွင်
ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်မြို့နယ်တို့မှ ပညာရေး ၀န်ထမ်းများ အား
ထောက်ပံ့ငွေ ပေးအပ်ပွဲသို့တက် ရောက်သည်။
အခမ်းအနားတွင်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ
ဒေါ်မြတ်မြတ်အုန်းခင် ကပညာရေး ၀န်ထမ်းများအား အားပေးနှစ်သိမ့်စကား ပြောကြားပြီး ထောက်ပံ့ငွေနှင့်
ပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
ထို့နောက်
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပညာရေး ၀န်ထမ်းများအတွက် စုစုပေါင်း(၁၄၇)သိန်း (၉)သောင်းကို
ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်း ကပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေး
မှူးရုံး(ရုံးခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲညွှန့်က လက်ခံရယူပြီး ပညာရေးဝန်ကြီးဌာနမှ
လှူဒါန်းငွေ ကျပ်သိန်း(၆၀)၊ လားရှိုးတက္ကသိုလ်မှ လှူဒါန်းငွေကျပ်(၁၀)သိန်း၊ စေတနာရှင်
လုပ်ငန်းရှင်များက (၅၅)သိန်းပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ပညာရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းသည် ပညာရေး ၀န်ထမ်းများအား ထားရှိသည့် တည်းခို
ဆောင်နှင့် စားရိပ်သာ ဆောင်များသို့ သွားရောက်၍ ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် ပြည်နယ်
လူမှုရေးဝန် ကြီးဒေါက် တာမျိုးထွန်းက လောက်ကိုင် ဒေသတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေး
ဝန်ထမ်း များအား တွဲဖက်ပြည်နယ် ကျန်းမာရေးမှူး ရုံးခန်းမတွင် တွေ့ဆုံ အားပေးခဲ့သည်။
အလားတူ
ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လောက်ကိုင်ဒေသ
တွင် သွားရောက် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ရှမ်းပြည်နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊
လက်ထောက် ညွှန်ကြားရေးမှူး ဦးဝေလင်း တို့မှပေးအပ်လှူဒါန်းရာ လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်
နေသော ၀န်ထမ်းများက လက်ခံရယူသည်။ ထို့အတူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ဝန်ထမ်းမိသားစုများမှ
အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသာ တပ်မတော်သားများအတွက် ခေါက်ဆွဲခြောက် ထုတ်များ၊ အသင့်စား အသားဗူးများ၊
အသင့်စား လက်ဘက် ထုပ်များ၊ စီးကရက်များ အစရှိသော စားသောက် ကုန်များအား တန်ဖိုးစုစုပေါင်းကျပ်
(၆၇၅၈၄၃၀) တန်ဖိုးတို့အား ဖေဖော်ဝါရီ (၁၈)ရက်နေ့ နေ့လည်(၂)နာရီက ဒုတိယဗိုလ်မှူးကြီး
ဝင်းနိုင်ထွေး ဦးစီးအရာရှီ ပထမတန်း (စစ်ရေး)ထံသို့ တွဲဘက်ပြည်နယ် ဦးစီးဌာနမှူး၊ မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန ဒေါက်တာမြင့်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးရဲညွှန့် ဦးစီးအရာရှိ တို့က
ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ဖေဖော်ဝါရီ
၁၈ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် ထပ်မံ ရောက်ရှိ
လာသော ဌာနေပြန်မည့် အလုပ်သမားများအား အလှူရှင်ေ စတနာရှင်များမှ အလှူငွေနှင့်ထောက်ပံ့
ပစ္စည်းများ ပေးအပ် လှူဒါန်းကြပြီး စီစဉ်ဆောင်ရွက် ပေးထားသော မော်တော်ယာဉ်များဖြင့်
မန္တလေးမြို့သို့ပို့ ဆောင်ပေး လျှက် ရှိကြောင်း သိရသည်။
ကွမ်းလုံ
မြို့တွင်လည်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်ဒေသမှ တိမ်းရှောင်
လာသည့် အလုပ် သမားများနှင့် မိသားစုဝင်များ၊ ၀န်ထမ်းများနှင့် မိသားစုဝင်များ နေရပ်
အသီးသီးသို့ ပြန်လည် ထွက်ခွာ လာကြရာ ၄င်းတို့အား ကွမ်းလုံမြို့မှလားရှိုးမြို့သို့ ဖေဖော်ဝါရီလ
(၁၇)ရက်နေ့ထိ ပြည်သူ(၃၁၆၃)ဦး အား လားရှိုးမြို့သို့ မော်တော်ယာဉ်များဖြင့် အခမဲ့ ပို့ဆောင်
ပေးပြီး ဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ
၁၇ ရက်နေ့တွင် လောက်ကိုင်မြို့သို့ သွားရောက် ခေါ်ဆောင်သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ
ပါဝင်သည့် မော်တော်ယာဉ် အားကိုးကန့် (တိမ်းရှောင်)အဖွဲ့မှ ပစ်ခတ်ရာတွင် ထိခိုက်ဒဏ်ရာရရှိသည့်
ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂)ဦးအား ကွမ်းလုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ
ပြုလုပ်ပေးခဲ့ရာ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ကလိုအပ်သည်များကို ထောက်ပံ့ကူညီ
ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment