နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စု
လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံသံအမတ်ကြီး
H.E. Ann Olne Stad ဦးဆောင်သည့် Jacobsen Elektro နော်ဝေ လျှပ်စစ်နည်းပညာ ကုမ္ပဏီအဖွဲ့အား
ယနေ့ညနေ (၃)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
ပြည်ထောင်စု လွှတ်တော်နာယကနှင့် အတူ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ
ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး ဦးသိန်းလွင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment