ဟိုပန် ဖေဖော်ဝါရီ ၁၈
ကိုးကန့်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင်ဖြစ်ပွား ခဲ့သောတိုက်ပွဲများတွင် ကျဆုံးခဲ့သည့်
တပ်မတော် သားများ၏ မိသားစုဝင် များ၊ ဒဏ်ရာရ တပ်မတော်သားများနှင့်တာဝန်ထမ်းဆောင်လျက်ရှိသော
တပ်မတော်သားများအတွက် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ရှိ စေတနာရှင်ပြည်သူများနှင့်ဌာန
ဆိုင်ရာများမှ အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇
ရက် နံနက် ၁ဝ နာရီက 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ
'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန် ထွန်းလူက အမှာစကားပြောကြား
ရာတွင် ဟိုပန်နယ် သူနယ်သားများ သည် တရားသောစစ် အောင်နိုင် ရေးအတွက် တပ်မတော်ကိုအစဉ်အမြဲ
ပံ့ပိုးလျက်ရှိ ပါကြောင်း လောက်ကိုင် မြို့နယ်၌ဖြစ်ပွားသည့် တိုက်ပွဲများ တွင် နိုင်ငံအတွက်
အသက်ကို ပဓာနမထားဘဲ၊ အသက်ပေး ကာကွယ်ခဲ့၍ ကျဆုံး၊ ဒဏ်ရာရ တပ်မတော်သားများနှင့်တာဝန်ထမ်းဆောင်ဆဲ
တပ်မတော်သားများကို ဂုဏ်ယူပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ဦးစီးအဖွဲ့ဥက္ကဋ္ဌက အလှူငွေကျပ်
၄၅၅ဝဝဝဝ နှင့် ပစ္စည်းများကိုပေးအပ်ရာ ရှေ့တန်း အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊
စစ်ဆင်ရေး ကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ် ဝင်းလွင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြော
ကြားကြောင်း သိရသည်။
No comments:
Post a Comment