Thursday, February 19, 2015

ထားဝယ်အသင်း(မော်လမြိုင်) နှစ်ပတ်လည် စည်းဝေး

မော်လမြိုင် ဖေဖော်ဝါရီ ၁၈
(၃၁)ကြိမ်မြောက် ထားဝယ်အသင်း(မော်လမြိုင်) နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး၊ သက်ကြီး ပူဇော်ပွဲနှင့် အခမ်း အနားကို ဖေဖော် ဝါရီ ၁၅ ရက်က ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားတွင် အသင်းဝင်အသက် (၆ဝ)အထက် အဘိုး အဘွားများအား ရှိခိုးကန်တော့ ကြပြီး ဆေးဝါး ပစ္စည်းများ၊ ထောက်ပံ့ငွေများကို ထားဝယ်အသင်း(မော်လမြိုင်) ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အသင်းဝင်များ က ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အလှူငွေပေးအပ်ပွဲကို ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးသန်းစိန်တို့ထံ ထားဝယ်အသင်း(ရန်ကုန်) အသင်းနှင့် အသင်းဝင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ထို့နောက် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း တစ်ဘာသာမှ ငါးဘာသာအထိ ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ခုနစ်ဦးတို့ကို ထောက် ပံ့ ငွေ ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment