Thursday, February 19, 2015

နမ့်ခမ်းမြို့၌ ပွဲခင်းဈေးကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ခင်းပြီးစီးမှု အခမ်းအနားကျင်းပ

နမ့်ခမ်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ခမ်းမြို့၌ ဈေးသူဈေးသား ပြည်သူများ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် နယ်မြေခံတပ်မမှူး၏ ဦးဆောင်မှုဖြင့် ပွဲခင်းဈေးကြီးကြပ်မှု ကော်မတီက ပွဲခင်းဈေး ကွန်ကရစ် ခင်းခြင်းပြီးစီးမှု အခမ်းအနားကို မြို့လယ်ဘုရားအနီး (ပန်ပွဲ) အဆိုပါ နေရာ ပွဲခင်းဈေးနေရာတွင် ဖေဖော် ဝါရီ ၁၂ ရက်နံနက် ၉နာရီက ကျင်းပကြောင်း သိရသည်။


အဆိုပါ ပွဲခင်းဈေးသည် အဝတ် အထည်၊ စားသောက်ကုန်၊ ထမင်း ဆိုင်၊ ကုန်စိမ်းများနှင့် အခြားလူသုံး ကုန်ပစ္စည်းများ ရောင်းချသည့်နေရာ ဖြစ်ပြီး ဘုရားကျောင်းတော်အနီးနှင့် မြို့လယ်အချက်အချာကျသည့်နေရာ ဖြစ်ကာ ယခင်က မြေသားပေါ်တွင် ရောင်းချကြရပြီး မိုးတွင်းကာလတွင် အဆင်မပြေခြင်း၊ ဈေးသည်များ ရောင်းချမှု စနစ်ကျမှုမရှိခြင်း၊ နယ်စပ် မြို့ဖြစ်၍ တစ်ဖက်နိုင်ငံမှ ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များ မြို့လယ်ဘုရားကြီးသို့ လာရောက်ပြီးပွဲခင်းဈေးတွင် လည် ပတ်ခြင်းများရှိ၍ နယ်စပ်အလှ၊ သန့်ရှင်းသာယာလှပမှု ဖြစ်စေရန် ပွဲခင်းဈေး ကြီးကြပ်မှုကော်မတီက ကွန်ကရစ်ခင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဧရိယာအကျယ် ၃၇၈၇၉ စတု ရန်းပေကျယ်ဝန်းသည့် ကွန်ကရစ် ခင်း ဆောင်ရွက်ပြီးစီးမှု အထိမ်း အမှတ်အဖြစ် နယ်မြေခံတပ်မမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းချစ်ဆွေနှင့် အဖွဲ့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 

No comments:

Post a Comment