ပဲခူး ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားဗိုလ်တဲကျေးရွာ ပရဟိတပညာဒါနကျောင်းဆရာတော်
(ဝေါ) အရှင်သုမင်္ဂလသည် ကရုဏာပညာဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျေးရွာသူ
ကျေးရွာသားများ ပညာရေးဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာတော်က
လိုအပ် ချက်များကို တတ်နိုင်သရွေ့ ကူညီပံ့ပိုးပေးခဲ့ရာ ဖောင်ဒေးရှင်းသို့ စေတနာရှင်များက
အလှူငွေများ ထည့်ဝင် လှူဒါန်းလျက်ရှိကြသည်။
ဆရာတော်၏ ကရုဏာပညာဖောင်ဒေးရှင်းသို့ မြောက်ဥက္ကလာပမြို့မှ အလှူရှင် ညွှန်ကြားရေးမှူး ဦးတင်အောင်-ဒေါ်ခင်မာရီ (သံဃမိတ္တမိသားစု)က
ငွေကျပ်သိန်း ၂၅ဝ ရှိ တိုယိုတာကားတစ်စီး၊ ဆရာဦးနေအုပ်(စိန်ပေါလ်)က ကျောင်းသား ကျောင်းသူများ
ထမင်းစားရန် ထမင်းပန်းကန်အချပ် ၁ဝဝဝ၊ သာကေတ မြို့နယ် (၅)တောင်ရပ်ကွက် သုမနလမ်းအင်္ဂါပတ်
ဆွမ်းလောင်း အသင်းက အလှူငွေကျပ်သိန်း ၃ဝ၊ ရန်ကုန်မြို့ မေတ္တာရေစင် လူငယ်များ အဖွဲ့က
စာသင်စတီးလ်ခုံနှင့် အလှူငွေကျပ်ငါးသိန်းတို့အပြင် စေတနာရှင် အလှူရှင်တစ်ဦးက ငွေကျပ်တစ်သိန်းကို
ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ အလားတူ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက်
ပညာဒါနသင်တန်းများလည်း ဟောပြောပို့ချပေးကြောင်း သိရသည်။
No comments:
Post a Comment