Thursday, February 19, 2015

ဆောင်းပါး အာရှတွင် မကြုံတွေ့ဖူးသည့် အမြန်ဆုံးစက်မှုအသွင်ကူးပြောင်းရေးဖြစ်ရပ် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်ကြောင်း သြစတြေးလျသတင်းစာ ခန့်မှန်း

သုတ
အာရှတိုက်၏ ကုန်ထုတ်လုပ်မှု အချက်အချာနေရာမှာ ထုတ်လုပ်မှု စရိတ်ကြီးမားသော တရုတ်နိုင်ငံ ဦးဆောင်သည့် မြောက်အာရှဒေသ မှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံနှင့် အထူးသဖြင့် စိတ်လှုပ်ရှားဖွယ်ရာ စီးပွားရေးနယ် ပယ်သစ်ဖြစ်လာသည့် မြန်မာနိုင်ငံ တို့ပါဝင်သောမဟာမဲခေါင်ဒေသသို့ ပြောင်းရွှေ့သွားမည်ဟု သြစတြေး လျနှင့် နယူးဇီလန်ဘဏ် လုပ်ငန်း အုပ်စု(ANZ)က ခန့်မှန်းထား ကြောင်း သြစတြေးလျသတင်းစာ The Australian က ဆိုသည်။


ANZ ၏ 'Myanmar-Asia's Uncut Gem'' ဟု အမည် ပေးထားသည့် အစီရင်ခံစာတစ်ခု တွင် မြန်မာနိုင်ငံ၏ နှစ်စဉ် ဂျီဒီပီ တိုးတက်မှုမှာ ၁ဝ ရာခိုင်နှုန်းဖြင့် တစ်ဟုန်ထိုးမြင့်တက်သွားမည်ဖြစ်ပြီး စီးပွားရေးအရ ဆယ်စုနှစ်ငါးစု ကြာ နောက်ကျနေသည့် အိမ်နီးချင်း နိုင်ငံများကို အမီလိုက်တော့မည် ဟု ရေးသားထားသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က သြစတြေးလျ နိုင်ငံသို့ မြန်မာနိုင်ငံမှ အမေ ရိကန်ဒေါ်လာ ၂၃၂၁၈ ဖိုး ကုန် ပစ္စည်းများ တင်သွင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၄ဝဝ၅၂ တန်သည့် ကုန် ပစ္စည်းများ တင်ပို့ခဲ့သည်။ လူဦးရေ ၅၁ သန်းကျော်ရှိသည့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သြစတြေးလျနိုင်ငံ ၏ ၇၁ နိုင်ငံမြောက် ကုန်သွယ်ဖက် နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ စီးပွားရေး တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများကို တရုတ်နှင့် အိန္ဒိယကဲ့သို့သော စီးပွားရေးအင်အား ကြီးနိုင်ငံနှစ်နိုင်ငံကြား တည်ရှိခြင်း၊ မြန်မာနိုင်ငံ၏ များပြားသော အရန် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု တွင်းထွက်များအပြင် များပြားသော ထွန်ယက် စိုက်ပျိုးနိုင်သည့်မြေနှင့် အလျှံပယ်ကြွယ်ဝသည့် ရေအရင်း အမြစ်၊ အလုပ်လုပ်ကိုင်နိုင်သည့် ငယ်ရွယ်သူလူဦးရေနှင့် လုပ်အားခ သက်သာမှုတို့က အားဖြည့်ပေး ကြောင်း ANZ နိုင်ငံတကာနှင့် အင်စတီကျူးရှင်းနယ်ဘဏ်လုပ်ငန်း အမှုဆောင်အရာရှိချုပ် အန်ဒရူး ဂတ်ဇီက ပြောကြားသည်။ မြန်မာ နိုင်ငံ၏ စီးပွားရေးအသွင်ပြောင်းလဲ မှုမှာ မြေကြီးလက်ခတ်မလွဲသည့် အရာတစ်ခုဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ''ပွင့်လင်း မြင်သာတဲ့ အင်စတီကျူးရှင်းများနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ အကျွမ်းတဝင်ရှိတဲ့ ပတ်ဝန်းကျင်က ကျွမ်းကျင်မှုနဲ့ နည်းပညာလွှဲပြောင်း ပေးအပ်ရေးအတွက် မရှိမဖြစ်လိုအပ် ပါတယ်'' ဟု သူကဆိုသည်။ သို့သော် မြန်မာနိုင်ငံသည် အာရှတိုက်တွင် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသည့် အမြန်ဆုံး စက်မှုအသွင်ကူးပြောင်း ရေးဖြစ်ရပ်ကို ကြုံတွေ့ရနိုင်ကြောင်း သူက ယုံကြည်နေသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကငွေချေး စနစ်မှာ ဂျီဒီပီ၏ ၁ဝ ရာခိုင်နှုန်း မျှသာရှိပြီး နှိုင်းယှဉ်ပါက အာဆီယံနိုင်ငံများတွင် ၉ဝ ရာခိုင်နှုန်း အထိ ရှိနေပြီဖြစ်ကာ မကြာသေးမီက ANZ အပါအဝင် နိုင်ငံခြားဘဏ် ကိုးခုကို လိုင်စင်များချပေးရန်ဆောင် ရွက်မှုများက ဘဏ္ဍာရေးနယ်ပယ်ကို ဖွံ့ဖြိုးလာစေမည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ် ပိုင်လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရှိရေး အတွက် ဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်းခဲ့သည်။ သို့သော် မြန်မာ နိုင်ငံသည် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် သယံဇာတ ထုတ်ယူသုံးစွဲမှုကို ဟန်ချက်ညီထိန်း ရန်လိုအပ်ပြီးသယံဇာတများအပေါ် အလွန်အကျွံမှီခိုမှုအား ရှောင်ရှား သင့်ကြောင်း သတိပေးထားသည်။ 
ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲက မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ကိုယ်စားပြုအစိုးရတစ်ရပ် ဖွဲ့စည်း ရန်နှင့် နိုင်ငံ့စီးပွားရေး၏ ၃ဝ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ပေးထားနိုင်သေးပြီး လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းသာ ငွေကြေးထောက်ပံ့ မှု ရရှိထားသည့် ပြည်သူအပေါ် အခြေခံသော ဖွံ့ဖြိုးတိုးတက်မှု ရရှိလာအောင် ဆောင်ရွက်သွား မည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ယုံကြည်လောက်အောင် ပြသရမည် ဟု အဆိုပါအစီရင်ခံစာက ဆို သည်။
မှတ်ချက်။ ။ ဆောင်းပါးရှင် Rowan Callick ရေးသားသည့်Bullish outlook for Myanmar, South-East Asia's 'uncut gem ကို ဆီလျော်အောင် ဘာသာပြန်ဆို ထားသည်။

No comments:

Post a Comment