လားရှိုး ဖေဖော်ဝါရီ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့
လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းတို့သည် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီ က လားရှိုးမြို့ အထက(၁)ခန်းမတွင်
ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်း ကြမ်း၊ မော်ထိုက်မြို့နယ်တို့မှ ပညာရေးဝန်ထမ်းများ အား
ထောက် ပံ့ငွေပေး အပ်ပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ထမ်းများကို အားပေးနှစ်သိမ့်စကား
ပြောကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ပညာရေးဝန်ထမ်းများအတွက် စုစုပေါင်း ၁၄၇
သိန်း ၉ သောင်းကို ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေး၊
ညွှန်ကြားရေးမှူး ရုံး(ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲညွန့်ကလက်ခံရယူပြီး ပညာရေးဝန်ကြီးဌာနမှ
လှူဒါန်းငွေကျပ်သိန်း ၆ဝ၊ လားရှိုးတက္ကသိုလ်မှ လှူဒါန်းငွေ ကျပ် ၁ဝ သိန်း၊ စေတနာရှင်လုပ်ငန်းရှင်
များက ၅၅ သိန်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းသည် ပညာရေးဝန်ထမ်းများအား ထားရှိသည့်
တည်းခိုဆောင် နှင့်စား ရိပ်သာဆောင်များသို့ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာ မျိုးထွန်းက လောက် ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများအား
တွဲဖက် ပြည်နယ် ကျန်းမာရေးမှူးရုံး ခန်းမတွင် တွေ့ဆုံအားပေးခဲ့သည်။
အလားတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လောက်ကိုင်ဒေသတွင် သွားရောက်
တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ၁ဝ သိန်းအား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ လက်ထောက်ညွှန်ကြားရေးမှူး
ဦးဝေလင်း တို့က ပေးအပ်လှူဒါန်းရာ လောက်ကိုင်ဒေသတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများက
လက်ခံ ရယူသည်။ ထို့အတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးရုံးနှင့်ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ဝန်ထမ်းမိသားစုများက
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေးတာဝန် ထမ်းဆောင် နေသော တပ်မတော်သားများအတွက်
ခေါက်ဆွဲ ခြောက်ထုပ်များ၊ အသင့်စား အသားဘူးများ၊ အသင့်စား လက်ဖက်ထုပ်များ၊ စီးကရက်များ
စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၇၅၈၄၃ဝ ရှိ စားသောက်ကုန်များအား ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ
၂ နာရီက ဒုတိယဗိုလ်မှူးကြီး ဝင်းနိုင်ထွေး ဦးစီးအရာရှိ ပထမတန်း (စစ်ရေး)ထံသို့ တွဲဖက်ပြည်နယ်ဦးစီးဌာနမှူး
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒေါက်တာမြင့်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန
ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ ငါးလုပ်ငန်းဦး စီးဌာနမှ ဦးစီး အရာရှိ ဦးရဲညွန့်တို့က
ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင်
ထပ်မံရောက်ရှိလာသော ဌာနေပြန်မည့် အလုပ်သမားများအား အလှူရှင်စေတနာရှင်များက အလှူငွေနှင့်ထောက်ပံ့
ပစ္စည်းများ ပေးအပ် လှူဒါန်းကြပြီး စီစဉ်ဆောင်ရွက်ပေးထားသော မော်တော်ယာဉ်များဖြင့် မန္တလေးမြို့သို့
ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
ကွမ်းလုံမြို့တွင်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ဒေသမှ
တိမ်းရှောင်လာသည့် အလုပ်သမားများနှင့် မိသားစုဝင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များနေရပ်
အသီးသီးသို့ ပြန်လည် ထွက်ခွာ လာကြရာ ၄င်းတို့အား ကွမ်းလုံမြို့မှလားရှိုးမြို့သို့ ဖေဖော်ဝါရီ
၁၇ ရက် အထိ ပြည်သူ ၃၁၆၃ ဦးအား မော်တော်ယာဉ်များဖြင့် အခမဲ့ ပို့ဆောင် ပေးပြီးဖြစ်ကြောင်း
သိရှိရသည်။
No comments:
Post a Comment