Sunday, February 8, 2015

ခရီးသည်တင်အပျော်စီးသင်္ဘော M.S Volendam နှင့် M.S Seabourn Soujourn သင်္ဘောနှစ်စီး ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ရန်ကုန်သီလဝါဆိပ်ကမ်းသို့ရောက်ရှိ




နေပြည်တော် ဖေဖော်ဝါရီ   
 ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်သည် ဖေဖော်ဝါရီ()ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံအတွင်းရှိ White Rice စားသောက်ဆိုင်တွင် ကျင်းပပြုလုပ် သော အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်(၂၀၁၅)အောင်မြင်စွာကျင်းပပြီး စီးခဲ့ခြင်း ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုမှတ် တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်(၂၀၁၅)အား မြန်မာနိုင်ငံတွင် အောင်မြင်စွာလက်ခံ ကျင်းပခဲ့ရာတွင် ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြသော အသင်းအဖွဲ့ အသီးသီးအား အထူးကျေးဇူး တင်ရှိ ပါကြောင်းနှင့် ဆက်လက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက် ရေးတွင်း လည်း ယခုကဲ့သို့ အတူတကွ စည်း လုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ယင်းခရီးသွား လုပ်ငန်းဖိုရမ်တွင်  ပံ့ပိုးကူညီပေးခဲ့ကြသူများ အား ဂုဏ်ပြု မှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။
ဖေဖော်ဝါရီ()ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ဖေဖော်ဝါရီ() ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.S Volendam ဖြင့် လိုက်ပါလာကြသည့် သင်္ဘောကပ္ပတိန် အပါအဝင် ခရီးသည်များအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Destination  Asia Co., Ltd            စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ တစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ယနေ့ နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသော ကမ္ဘာလှည့်ခရီး သည်တင် အပျော်စီးသင်္ဘော M.S Seabourn Sojourn သို့ သွားရောက်ပြီး သင်္ဘောပေါ်ပါ ကမ္ဘာလှည့်ခရီးသည် များအား ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။
ယင်းအပျော်စီးသင်္ဘောတွင် ကမ္ဘာလှည့်ခရီးသည်(၄၅၀)ဦးနှင့် သင်္ဘောဝန်ထမ်း(၃၃၀) ဦး ပါဝင်ကာ အများစုမှာ အမေရိကန်လူမျိုးများ ဖြစ်ကြပြီး အချို့မှာ ရန်ကုန်မြို့မှ တစ်ဆင့် မန္တလေး၊ ပုဂံ၊ ပဲခူးမြို့ များသို့ သွားရောက်လည်ပတ်ကြ မည်ဖြစ်သည်။ ကျန်အချို့မှာ သန်လျင်မြို့တွင်း မြင်းလှည်းများဖြင့်လည်းကောင်း၊ ဆိုက်ကားများဖြင့်လည်းကောင်း ပျော်ရွှင်စွာလည် ပတ်ခဲ့ကြောင်းနှင့် ယင်းသင်္ဘောသည် ဖေဖော်ဝါရီ(၁၀)ရက် မွန်းလွဲ(၁၂)နာရီခွဲတွင် သီလဝါဆိပ်ကမ်းမှတစ်ဆင့် မလေးရှားနိုင် ငံပေါ် တိုပန်ကိုဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
ယင်းသင်္ဘောသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး များလည်း မြန်မာနိုင်ငံသို့ အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment