Saturday, February 28, 2015

လောက်ကိုင်မြို့သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်


နေပြည်တော် ဖေဖော်ဝါရီ ၂၈
လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်မှစ၍ တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်း သူအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး
ယခုအခါ တပ်မတော်စစ်ကြောင်းများ၏ နယ်မြေရှင်းလင်းဆောင်ရွက်မှု များကြောင့် လောက်ကိုင်မြို့အတွင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သဖြင့် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည်။

ထို့ကြောင့် လောက်ကိုင်မြို့သန့်ရှင်းသာယာလှပရေးအတွက် ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦး ဦးဆောင်၍ လောက်ကိုင်တပ်နယ်မှ တပ်မတော်သားများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုးကန့်လူမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက လောက်ကိုင်မြို့တွင်းရှိလမ်းများမှ အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment