Saturday, February 28, 2015

ရတနာဆင်ဖြူတော် ပေါ်ထွန်းလာခြင်းသတင်း


နေပြည်တော်-ဖေဖော်ဝါရီ ၂၈
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦး၊ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာစည်သူဝမ်ထွန်းတို့ ဦးဆောင်သော အဖွဲ့ဝင် (၁၂)ဦး ပါဝင်သည့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၈)၊ သစ်ပုတ်ချောင်း ဖျားတွင် ဖေဖော်ဝါရီ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရတနာဆင်ဖြူတော်ပေါ်ထွန်းကြောင်း သိရှိရသည်။

အဆိုပါ ရတနာဆင်ဖြူတော်သည် အမဖြစ်ပြီး ကြန်အင်လက္ခဏာများမှာ အသက်(၇)နှစ် ခန့်မှန်း၊ အရပ်အမြင့် ၆ ပေ ၃ လက်မ(ခန့်မှန်း)၊ ကိုယ်လုံးပတ် ၈ ပေ ၈လက်မ(ခန့်မှန်း)၊ ကျောက်ကုန်းမှာ ငှက်ပျောကိုင်း၊ နားရွက်(နားလတ်)၊ မျက်လုံး (ပုလဲရောင်)၊ အမြီးတံခါးစောင်း     (၂ ပေ ၇ လက်မ)၊ ခြေသည်းရှေ့(၅×၅)၊ နောက် (၄×၄)၊ အသားရောင်(ပန်းနုရောင်) ဖြစ်ကြောင်း သိရှိရသည်။

ယခု ဆင်ဖြူတော်သည် နဝမမြောက်ဆင်ဖြူတော်ဖြစ်ပြီး နှစ်ဦးတွင် ရတနာဆင်ဖြူတော် ပေါ်ထွန်း လာခြင်းသည် နိုင်ငံတော် အတွက် ကျက်သရေမင်္ဂလာအဖြာဖြာတိုးပွားစေပြီး ပြည်သူများ ဘေးရန်ဝေးကွာ၍ သာယာဖွံ့ဖြိုး တိုးတက် စေမည့် နိမိတ်လက္ခဏာဖြစ်စေပါကြောင်းနှင့် ရတနာ ဆင်ဖြူတော်ကို ရေသိုးခန်းတွင် မှိန်းသင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရ သည်။

No comments:

Post a Comment