Saturday, February 28, 2015

မြစိမ်းရောင် ကျေးရွာစီမံကိန်း(ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး)ရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ


ကသာ ဖေဖော်ဝါရီ ၂၈
ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျှက်ရှိရာ (ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး) ရန်ပုံငွေလွဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၂၇)ရက်၊ နေ့လည်(၁၃း၃၀)အချိန်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးကျော်ကျော်အုန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းတင်က မြစိမ်းရောင်စီမံကိန်း(ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး) ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ရန်ပုံငွေကျပ်သိန်း(၃၀၀)နှင့် သက်ဆိုင်သော ချက်လက်မှတ်များနှင့် စာရွက်စာတမ်းများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းတင်တို့မှ သက်ဆိုင်ရာကျေးရွာများသို့ ပေးအပ်ခဲ့ကြသည်။
ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ရန်ပုံငွေကျပ်သိန်း(၃၀၀)စီ ရရှိကြသော ကျေးရွာများမှာ ကသာမြို့နယ်ရှိ သပြေပင် ကျေးရွာ၊ ဦးစောကျွန်းရွာနှင့် အင်းတော်မြို့နယ်ရှိ စက်တောကုန်းကျေးရွာ၊ ကွင်းချောင်းကျေးရွာ စသဖြင့် ပေးအပ်ငွေ စုစုပေါင်း ကျပ်သိန်း(၁၂၀၀)တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးဝင်းတင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးဝင်းအောင်နှင့် ခရိုင်အဆင့်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်များရှိ သက်ဆိုင်ရာ ကျေးရွာသူ/ရွာသားများ တက်ရောက်ကြ ကြောင်းသိရသည်။

No comments:

Post a Comment