Saturday, February 28, 2015

သစ်တောတက္ကသိုလ် ဆဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈


နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် သစ်တော တက္ကသိုလ် (ရေဆင်း) ဆဋ္ဌမ အကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သစ်တောတက္ကသိုလ် ဘွဲ့နှင်းသဘင်အထူး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာမြင့်ဦးထံ ဘွဲ့လက်ခံ ရယူကြ မည့် ကျောင်းသား/ ကျောင်းသူ များက ကတိသစ္စာပြုကြသည်။ 
ထို့နောက် ပါမောက္ခချုပ်က မဟာဘွဲ့ရရှိသူ ၂ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၃၁၆ ဦး၊ အဝေးရောက် သိပ္ပံဘွဲ့ရရှိသူ ၁၇ ဦး၊ စုစုပေါင်း ၃၃၅ ဦးတို့အား တစ်ဦးချင်း ဘွဲ့လက်မှတ် များ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမြင့်ဦး၊ ဒုတိယ ပါမောက္ခများ၊ လက်ထောက်ကထိကများ၊ ဆရာ/ဆရာမများ၊ တက္ကသိုလ် ပညာရေး အဖွဲ့ဝင် များ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘွဲ့ ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြောင်း သိရသည်။

No comments:

Post a Comment