Saturday, February 28, 2015

ထီးလင်းတွင် ဆောင်းနေကြာ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်လျှက်ရှိ

ထီးလင်း ဖေဖော်ဝါရီ ၂၇
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်း သဖြင့် ဒေသနေတောင်သူလယ် သမားများသည် စပါးကို အားထားစိုက်ပျိုး လျှက်ရှိခဲ့ရာမှ အစားထိုး သီးနံများဖြင့် အစာားထိုး စိုက်ပျိုး ခဲ့ကြရသည်။ ထိုသို့ စိုက်ပျိုးကြရာတွင် မိုးဦးကာလတွင် နှမ်းသီးနှံ၊ မိုးလယ်ကာလတွင် ပင်ထောင်မြေပဲ၊ မိုးနောင်းပိုင်း ဆောင်းကာလတွင် နေကြာ စသည်ဖြင့် စိုက်ပျိုးကြရာ နေကြာစိုက်ပျိုးမှုမှာ အောင်မြင် ဖြစ်ထွန်း လျှက်ရှိသည်။ 

ထိုသို့ စိုက်ပျိုးရာ၌ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာ တောင်သူ ဦးဌေးမောင် သည် ရေဆင်း စပ်မျိုးနေ ကြာမျိုးကို ကွင်းအမှတ် ၂၁၃ ရှိ မြေတစ်ဧကတွင် စမ်းသပ်စိုက်ပျိုးရာ ၃ လသားအရွယ်တွင် အပင်မှာ ၅ ပေ ကျော်သည် အထိမြင့်ပြီး အပွင့်များ လှိုင်လှိုင်ပွင့် နေပြီဖြစ်သည်ကို တွေ့ရသည်။
အဆိုပါနေကြာမျိုးစေ့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဖြန့်ဖြုးကြောင်း၊ နေကြာ စိုက်ပျိုးသည့်အခါ တန်းခြား ၃ ပေနှင့် ပင်ခြား ၉ လက်မစီ ခွာ၍ စိုက်ပျိုးရန် ပညာပေး ဆွေးနွေးထားကြောင်းနှင့် ယခုစိုက်ခင်းမှာ တင်း ၆၀ ခန့် ထွက်ရှိ နိုင်သည်ဟု ဆိုသည်။ နေကြာကို ဆီကြိတ်လျှင် တစ်တင်းလျှင် ဆီ ၄ ပိဿာ ၅၀ ကျပ်သား ထွက်ရှိ နိုင်သဖြင့် နေကြာစိုက်ခင်း တစ်ဧကအတွက် ဆီပိဿာချိန် ၂၅၀ ကျော်ထွက်ရှိနိုင်ရာ ဒေသနေကြာဆီ ပေါက်ဈေး ၂၀၀၀ ကျပ်ဖြင့်တွက် လျှင် ငွေကျပ် ၅ သိန်းကျော် ဝင်ငွေရရှိနိုင်သဖြင့် တွက်ချေကိုက် သီးနှံ ဖြစ်ကြောင်းနှင့် နေကြာကိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ထီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက တောင်သူ များနှင့် တွေ့ဆုံ ဆွေးနွေးမှု များ ဆောင်ရွက် လျှက်ရှိနေကြောင်း သိရသည်။

No comments:

Post a Comment