Saturday, February 28, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

ရန်ကုန်-ဖေဖော်ဝါရီ -၂၈

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီးနောက် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Pisamu  Suvanajata နှင့်ဇနီး၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာဝင်းမြင့်၊ ဦးထင်အောင်၊ ဒေါက်တာစိုင်းကျော်အုန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည် လိုက်ပါ လာကြသည်။ 

No comments:

Post a Comment