Monday, February 16, 2015

ပြည်ထောင်စုဝန်ကြီးဦးကျော်လွင် ရွှေပေါက်ကံတံတား (လေးလမ်းသွား)တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး




နေပြည်တော် ဖေဖော်ဝါရီ    ၁၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး ကျော်လွင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ (၁၅)ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံအရှေ့ပိုင်း မြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ် တို့ကိုဆက်သွယ် တည်ဆောက်နေသော ရွှေပေါက်ကံတံတား (လေးလမ်းသွား) တည်ဆောက်ရေး စီးမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိသည်။

ရှင်းလင်းဆောင်တွင် တံတားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့()မှ ဒုတိယအင်ဂျင်နီယာမှူးကြီးဦးဝင်းဇော်က တံတားတည်ဆောက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်း အစီအစဉ်များကို လည်းကောင်း၊ လမ်းဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၁၅)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးကြည်သွင်ဦးက ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က တံတားလုပ်ငန်းများပြီးစီးသည်နှင့် ချဉ်းကပ်လမ်းပါ တစ်ပြိုင်နက်ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြ ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင် ရွက်ကြရန် မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပေါက်ကံဘက်ကမ်းဘိုးပိုင်ထိပ် အုပ်လုပ်ငန်းဆောင်ရွက်နေမှု၊ သံကူကွန်ကရစ် ယက်မများ တည်ဆောက်နေမှု၊ ချဉ်းကပ်လမ်း မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ဒဂုံအရှေ့ပိုင်းဘက် ကမ်းတွင် ချဉ်းကပ်တံတားတည်ဆောက်နေမှု၊ ဘိုးပိုင်ထိပ်အုပ်လုပ်ငန်း ဆောင်ရွက်နေမှု၊ သံကူကွန်ကရစ်ယက် များ တည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခုတည်ဆောက်နေသော ရွှေပေါက်ကံတံတား(လေးလမ်းသွား)သည် ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့် ရွှေပေါက် ကံမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်ထားပြီး တံတားအရှည်(၂၄၂)မီတာ၊ ယာဉ်သွားလမ်း အကျယ် (၁၄ ဒသမ )မီတာ (လေးလမ်းသွား) လူသွားလမ်းအကျယ် တစ်ဖက်လျှင် ( ဒသမ ) မီတာ နှစ်ဖက်၊ ရေလမ်းကင်း လွတ်အကျယ်(၃၀)မီတာ အမြင့် ( ဒသမ ) မီတာရှိပြီး တံတားအောက်ထည် သံကူကွန်ကရစ်အပေါ်တည် (Steel Box Girden) + ကသံကူကွန်ကရစ်ကြမ်းခင်း၊ လက်ရမ်းဖြင့် တည်ဆောက်မည်ဖြစ်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေး ချိန်မှာ (၇၅)တန်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment