နေပြည်တော် ဖေဖော်ဝါရီ
၁၆
ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ် စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉:)နာရီတွင် နေပြည်တော် သီရိကျော်စွာလြမ်း၊ အမှတ်(၂၆-အေ)၊ ဘဏ်များဇုံရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး
ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာ့စီးပွားရေးဘဏ်သည်
ပြည်သူများနှင့် အများဆုံး ထိတွေ့ ဆက်ဆံ နေရသည့်ဌာ နဖြစ် သည့်အတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် စိတ်ထားခံ ယူ ချက် (Mind Set)များ ပြောင်းလဲရန်နှင့် ပွင့်လင်းမြင်သာရှိရန် လိုအပ်ကြောင်း။
ဘဏ်သို့လာရောက်သည့်ပြည်သူများအားဘဏ်ဝန်ဆောင်မှုများပေးရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို အသိအမှတ်ပြုရန် လိုကြောင်း၊ အဆိုပါ လိုအပ်ချက်၊ ဆန္ဒများကို
ဖြည့်ဆည်း ပေးနိုင်-မပေးနိုင် ကို မှန်မှန်ကန်ကန်
သုံးသပ်ရန်လိုအပ်ကြောင်း၊ မန်နေဂျာများအနေဖြင့်လည်း လက်ရှိဘဏ်လုပ်ငန်းများဆောင် ရွက်မှု အခြေအနေအပေါ်သုံး သပ်ပြီး ပြုပြင်သင့်သည်များကို ပြုပြင် ဆောင်ရွက်သွားကြရန်အရေးကြီးကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်ကမ်းများကိုချမှတ် သည့်ဌာနဖြစ်ရာ မိမိတို့ကိုယ်တိုင် စံပြအဖြစ် တိတိကျကျ လိုက်နာဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်သည် အစိုးရဌာန အားလုံး၏
ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို
တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် မှတ်တမ်း မှတ်ရာများ စနစ်တကျ ထားရှိ ကြရန် လိုအပ်ကြောင်း။
ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးသော ဘဏ်ဝန်ထမ်းများ အနေဖြင့် အရည်အသွေး မြှင်တင်ကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် သည့် ခေတ်မီ ဘဏ်လုပ်ငန်း စနစ်ကို တည်ဆောက်ပြီး၊ ပြည်သူကိုအထိရောက်ဆုံး အလုပ်အကျွေး ပြုရန် အရေးကြီးကြောင်း၊ လိုအပ်ချက် များရှိပါက ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း တင်ပြကြရန် ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပြည်သူများအား ပြည်တွင်း၌ ဘဏ်လုပ်ငန်းဝန် ဆောင်မှု ပေးသည့် ဘဏ်လုပ်ငန်း ကွန်ရက် အကြီးဆုံးဖြစ်သော မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် တာဝန်ကျေ ပွန်မှု အစဉ်အလာကောင်း များကို ထိန်းသိမ်းမြှင့်တင်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး၊ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်မန်နေဂျာများ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment