ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်
ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀ အစဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို
ရည်ရွယ်လျက် ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်ငိုင်းသည် ပြည်နယ် စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီးဦးဗန်ထောင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်
ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၁ နာရီခွဲကထန်တလန်မြို့၊ မြို့နယ်ခန်းမဆောင်၌ မြို့နယ်အဆင့်
ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု
ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား အကျယ်တ၀င့် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီးဦးဗန်ထောင်းက ထန်တလန်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့်
မွေးမြူရေးဆိုင်ရာကဏ္ဍများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖဦးထောင်နှင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကသက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ထန်တလန်မြို့ရှိနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့
ရောက်ရှိကြပြီး ကျောင်းအုပ်ကြီးဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က
တိုင်းရင်းသားလူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး အဆင်ပြေရေးတို့ကို
လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment