Thursday, February 12, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲဟားခါး၌ကျင်းပ








ဟားခါး          ဖေဖော်ဝါရီ      ၁၁
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုနှင့် ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကိုဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ (၁၁)ရက်နေ့တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ခင်းကျင်းပြသ ကြရာဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာကြသည်။

အဆိုပါ နံရံကပ်ပြဘုတ်များတွင် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်တွင် ပါရှိသော အရေးကြီးသည့် အချက်အလက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသောတိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊ အဆိုအမိန့်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်း ကောက်နှုတ်ချက်များ၊ သုတ/ရသ၊ မဂ္ဂဇင်းစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

No comments:

Post a Comment