နေပြည်တော်
ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး
ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန် အရေးသုံးပါးကို
အစဉ်အမြဲ ဦးထိပ်ထား ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ပြည်ထောင်စုကြီး ထာဝရ ငြိမ်းချမ်းမှုရရှိအောင်
တိုင်းရင်းသား အားလုံး ပါဝင်ကြိုးပမ်း ဆောင်ရွက်ရေး၊ ရရှိထားပြီး ဖြစ်သည့် အမျိုးသားပြန်
လည် စည်းလုံး ညီညွတ်မှုကို ထာဝစဉ် တည်တံ့ ခိုင်မြဲအောင် တည်ဆောက်ရေး၊ ပြည်ထောင် စုအတွင်း
တိုင်းရင်းသား အားလုံး ဥမကွဲ သိုက်မပျက် အတူတကွ ပူးပေါင်းနေထိုင်ရေး၊ ခေတ်မီ ဖွံ့ဖြိုး
တိုးတက်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တိုင်းရင်းသား ပြည်သူအားလုံး
လက်တွဲ ပူးပေါင်း တည်ဆောက်ရေး ဟူသည့် အမျိုးသားရေး ဦးတည်ချက်များနှင့် အညီ အနှစ်သာရ
ပြည့်ဝစွာ ကျင်းပသည့် ၂၀၁၅ ခုနှစ် (၆၈) နှစ်မြောက်
ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ
ဥပစာရင်ပြင်၌ ကျင်းပသည်။
နံနက် ၅ နာရီမှစတင်၍ အခမ်းအနားသို့ တက်ရောက်ကြမည့်
ဌာန ဆိုင်ရာများမှ ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့်
ဖိတ်ကြား ထားသူများသည် စုရပ်အသီးသီးမှ အခမ်းအနား ကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်
သို့ချီတက် နေရာယူကြသည်။
ထို့နောက် နံနက် ၅ နာရီခွဲတွင် (၆၈) နှစ်မြောက်
ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင် အခမ်းအနားကို စတင်ကျင်းပရာ တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ
အလံတင်တပ်စုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်တင်ပေးသည်။
(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်
အလံအလေးပြုပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင်ကျင်းပရာ တပ်မတော် ( ကြည်း၊ ရေ၊ လေ ) ဂုဏ်ပြုတပ်ဖွဲ့က
မြို့တော် ခန်းမ ဥပစာရင်ပြင်သို့ ချီတက် နေရာယူကြသည်။
ယင်းနောက် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး
ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပသည့်
မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိလာပြီး စင်မြင့်ပေါ်၌ နေရာယူသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်
အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်
သီချင်းကို တီးမှုတ်သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ၂၀၁၅ ခုနှစ်
(၆၈)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာကို ပြည်ထောင်စုနေ့
ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြာြး့ပီး အခမ်းအနားကို
ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊
နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့
ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တိုင်းရင်းသားရေးရာ
ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ၀န်ကြီးဌာနများမှ
ဝန်ထမ်းများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ
မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေး
အသင်းအဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ
စုစုပေါင်း အင်အား ( ၂၃၂၀ )ဦး တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment