မြိတ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် မြိတ်ခရိုင်လုံးဆိုင်ရာ
သံဃာတော်များနှင့် သီလ ရှင်အပါး(၂၀၁၅) ပါးသော အရှင်သူမြတ်များကို ဦးမောင်ယု+ ဒေါ်နီနီဝင်း
မိသားစု (အောင်မြင့်မိုရ် ရေခဲစက်) တို့က ကြီးမှူး၍ သဒ္ဒါကြည်လင် ပါရမီရှင် (၇)ရက်သားသမီးများ
စုပေါင်းပါဝင်သော တတိယအကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဖေဖော်ဝါရီလ (၁၅)
ရက် နေ့လည်(၃) နာရီက မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊
ပုလဲရတနာခန်းမ ရှေ့မှ စတင်ကာ ကမ်းနားလမ်းတလျှောက် စည်ကားသိုက်မြှိုက်စွာ ကျင်းပခဲ့ကြောင်း
သိရသည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များထံမှ အလှူရှင်များက ပရိတ်တရားတော်များ
နာယူတော် မူခဲ့ကြသည်။ ဆွမ်းလောင်းလှူပွဲကို မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်
အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် အဆိုပါ မြို့နယ်များနှင့်ကျေးရွာများရှိ
လူမှုရေးအသင်းအဖွဲ့များ၊ နာရေးကူညီမှု အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများလိုက်ပါလျက်
သံဃာတော် အရှင် သူမြတ်များအား ဆွမ်းဆန်စိမ်း လောင်းလှူရာတွင် လုပ်အားဒါနဖြင့် ကုသိုလ်ယူကာ
ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိ ကြောင်းလည်း သိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား မြိတ်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့်
သီလရှင်ကျောင်း (၁၅၄)ကျောင်းမှ သံဃာတော် အပါး(၁၈၀ဝ) ပါး၊ သီလရှင်အပါး(၂၁၅)ပါး တို့က
ကြွရောက် အလှူတော်ခံ၍ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများနှင့် ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားကြသော
နိုင်ငံခြားသားများလည်း ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကြီးကို ပါဝင်ကုသိုလ်ဒါနယူခဲ့ကြကြောင်း
သိရှိရသည်။
No comments:
Post a Comment