နေပြည်တော် ဖေဖော်ဝါရီ ၁၆
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဒေါက်တာ အောင်ကျော်မြတ်သည် ယနေ့နံနက် (၉) နာရီတွင် အဆိုပါ ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသော
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ကမ္ဘာ့ အသိဉာဏ်ပစ္စည်းမူ ပိုင်ခွင့် အဖွဲ့
(World Intellectual Property Organization - WIPO) တို့ပူးပေါင်း၍ ခေတ်မီဖွံ့ဖြိုးတိုး
တက်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ် တည်ထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် ညီလာခံသို့
ပြည်ထောင်စုဝန်ကြီး ကိုယ်စား တက်ရောက်အမှာစ ကား ပြောကြားသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည်
အချိန်နှင့်အမျှ နည်းပညာအသစ်၏ ပြောင်းလဲ တိုးတက် ဖြစ်ပေါ်နေသော နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊
ကမ္ဘာ့ ယှဉ်ပြိုင်မှုနယ်ပယ်တွင် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်သည် စီးပွားရေးဆိုင်ရာ တိုးတက်မှုအတွက်
အဓိကကျသော အကြောင်းအရာတစ် ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် တွင်
ကုန်သွယ်ရေးနှင့် စီးကြပ်အခွန်အပေါ်အ ထွေထွေသဘောတူညီချက် (The General Agreement on
Tariffs and Trade - GATT) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ် တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
(World Trade Organization - WTO) ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့
(World Intellectual Property Organization - WIPO) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဝင်ရောက်ခဲ့ပါကြောင်း။
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်
ဥပဒေဆိုင်ရာအကာအကွယ်ပေးမှုများကို ဖြည့်စွက်ပြင်ဆင်ရန် အတွက် ခေတ်နှင့်လိုက်လျောညီထွေမှုရှိသော
ဥပဒေမူဘောင်တစ်ရပ်ကို ဖန်တီးနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပဒေမူကြမ်း
(၄) ခု ဖြစ်သော တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေနှင့်
စာပေအနုပညာ ဆိုင်ရာ မူပိုင်ခွင့်ဥပဒေတို့ကို WIPO အဖွဲ့မှ ဥပဒေရေးရာ အကူအညီများကိုရယူလျက်
မူကြမ်း ရေးဆွဲခဲ့ရာ အပြီးသတ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့
အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကိုလည်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာများတိုးပွားလာစေရေးအတွက်
နည်းပညာနှင့် ငွေကြေးဆိုင်ရာအကူအညီများ ကိုလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း။
ဥပဒေမူကြမ်းများကို သဘောထားမှတ်ချက် အကြံပြုချက်များပေါ်အွခေခံ၍
အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာကုန်သွယ်မှုသဘောတူညီချက် (Trade Related Aspects
of Intellectual Property Rights – TRIPs) သဘောတူညီချက်ပါ အချက်အလက်များနှင့် ကိုက်ညီအောင်
ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ASEAN အဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ
ASEAN IPR Action Plan ကို အကောင် အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိနေပါကြောင်း၊
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် တည်ထောင်ရေး ဆိုင်ရာ အမျိုးသား အဆင့်ညီလာခံတွင် နိုင်ငံတော်အတွက်
ကောင်းမွန်ထိရောက်သည့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ်ကို တည်ထောင်နိုင်ရန် အခြားနိုင်ငံများနှင့်
အကောင်းဆုံးအတွေ့အကြုံများကို လေ့လာပြီး ဆွေးနွေးသွားကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏
ခေတ်မီဖွံ့ဖြိုး တိုးတက်သော အသိဉာဏ် ပစ္စည်းမူပိုင် ခွင့်စနစ် တည်ထောင်နိုင်ရေးနှင့်
လမ်းစဉ်ချမှတ်ရေး တို့ကိုများစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး၊
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဗျူရိုမှ ဒါရိုက်တာ Mr. Andrew Michael Ong က အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်သည်
နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို
အထောက် အကူပြုပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်
ပေါ်ပေါက် လာရေးအတွက် ရည်ရွယ်ပြီး ယနေ့ စာတမ်းဖတ်ပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်းဖြင့်
ပြောကြားသည်။
အဆိုပါ ညီလာခံသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊
အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ WIPO အဖွဲ့မှဖြစ်သော သြစတွေးလျ၊
တိုကျို၊ အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းတို့မှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး
အမျိုးသားအဆင့် အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်စနစ်ကို ရည်ရွယ်သည့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်
ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီး ပြည်တွင်း၊ ပြည်ပပညာရှင်များမှ ဆွေးနွေးခဲ့ကြ ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment