မန္တလေး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ
စစ်ဘေးရှောင် ပြည်သူများအား မန္တလးမြို့ ချမ်းမြရွှေပြည် ကျွဲဆည်ကန် အဝေးပြေး ယာဉ်ရပ်နား
စခန်းသို့ ရောက်ရှိလာရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၊
စေတနာရှင် ပြည်သူများကစောင့် ဆိုင်း၍ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များနှင့်
ချက်ချင်း ပို့ဆောင်ခြင်း၊ ထမင်းဘူးများ ရေသန့်ဘူးများ ကျွေးမွေး စောင့်ရှောက်ခြင်း
ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း များကို ဆောင်ရွက်ပေး လျှက်ရှိပါသည်။
အဆိုပါ ဆောင်ရွက်ပေးမှုများတွင် ဖေဖော်ဝါရီ
(၁၃)ရက်တွင် မော်တော်ယာဉ် (၁၁)စီး ဖြင့် ကျား (၂၅၁)ဦး၊ မ(၉၆)ဦး စုစုပေါင်း (၃၄၇)ဦး၊
ဖေဖော်ဝါရီ (၁၄) ရက်တွင် မော်တော်ယာဉ် (၄၃)စီး ဖြင့် ကျား (၇၉၂ )ဦး၊ မ(၃၆၆)ဦး စုစုပေါင်း
(၁၁၆၁)ဦး ၊ဖေဖော်ဝါရီ (၁၅) ရက် နံနက် (၁၀)နာရီအထိ မော်တော်ယာဉ် (၁၆)စီး ဖြင့် ကျား
(၂၁၄ )ဦး၊ မ(၅၄)ဦး စုစုပေါင်း (၂၆၈)ဦး တို့ဖြစ်ပြီး ဖေဖော် ၀ါရီ (၁၃)ရက်မှ (၁၅)ရက်
နံနက် (၁၀)နာရီထိ ဆောင်ရွက်ပေးထားမှုမှာ မော်တော်ယာဉ် အစီး (၇၀) ဖြင့် ကျား/မပေါင်း
( ၁၇၇၆)ဦးတို့အား ၄င်းတို့၏ နေရပ် များဖြစ်သော မကွေး ၊ မင်းဘူး ၊ရန်ကုန် ၊ ရမည်းသင်း၊
ပျော်ဘွယ် ၊နတ်မောက် ၊ တောင် တွင်းကြီး ၊ပြည် ၊ မုံရွာ၊ ပုလဲ ၊ အောင်လံ ၊ တောင်ငူ ၊
စစ်တွေ ၊ ပုသိမ် ၊ မြ၀တီ ၊မိတ္ထီလာ ၊ ကလေး စသည့် ဒေသများသို့ ကူညီပို့ဆောင် ပေးလျှက်ရှိပြီး
ဆက်လက် ရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း ကူညီဆောင်ရွက် ပေးလျှက် ရှိကြောင်း
သိရသည်။
No comments:
Post a Comment