Saturday, February 28, 2015

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ချင်းပြည်နယ်အတွင်းရှိ အသက်မွေးမှုပညာ/ပညာရေးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကျင်းပ




ဟားခါး ဖေဖော်ဝါရီ ၂၇
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ချင်းပြည်နယ်အတွင်းရှိ အသက်မွေးမှုပညာ/ပညာရေးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အထက(၁)၊ ဟားခါးမှ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုတင်ဆက် ကြပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက အမှာစကားပြောကြားသည်။
ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ချင်းပြည်နယ်အတွင်းရှိ အသက်မွေးမှု ပညာ/ပညာရေး ကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းသည့် ကွန်ပျူတာအလုံး(၁၈၀)နှင့် ဆက်စပ်ပစ္စည်းများကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မင်းနောင်က ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရ ယူကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းဦးက အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မင်းနောက်ထံ ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးဗိုလ်ချုပ်မင်းနောင်က ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အထက(၃) ကျောင်းသားကျောင်းသူများက “ ဇာတိမာန်” သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

No comments:

Post a Comment