Saturday, February 28, 2015

"ချင်းပြည်နယ် မင်းတပ်ခရိုင်မှ လှိုက်လှဲပျူငှာစွာကြိုဆိုပါ၏" ဆိုင်းဘုတ်အသစ်ဖွင့်လှစ်




မင်းတပ် ဖေဖော်ဝါရီလ ၂၇
မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် နယ်စပ်တွင် "ချင်းပြည်နယ် မင်းတပ်ခရိုင်မှ လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ၏" ဆိုင်းဘုတ်ဖွင့်ပွဲအား ယနေ့နံနက် (၁၁း၀၀)နာရီတွင် ဖွင့်လှစ်ကြသည်။

အဆိုပါ ဆိုင်းဘုတ်အား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးနိန်နိုင်း၊ ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးစိုးဦး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူတို့ တက်ရောက် ကြပြီး သပြေခက်များဖြင့် ရေစင်ပက်ဖျန်း၍ ဖွင့်လှစ်ကြသည်။ အဆိုပါ ဆိုင်းဘုတ်အား မင်းတပ်မြို့ ပြည်သူ့ဆောက်လုပ်ရေးက ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment