Saturday, February 14, 2015

မြန်မာလေကြောင်းလိုင်းခရီးစဉ် လက်မှတ်ခလျှော့ချ

ရန်ကုန် ဖေဖော်ဝါရီ ၁၃
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းသည် ပြည်ပလေကြောင်း ခရီးစဉ်များကို ဈေးနှုန်းလျှော့ချပေး လျက်ရှိသည်ဟု အဆိုပါလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်မှတ်ခနှုန်းထားများမှာ ဗန်ကောက်သို့ အသွားအပြန် အမေရိကန် ဒေါ်လာ ၁ဝ၆၊ စင်ကာပူသို့ ဒေါ်လာ ၂၂၆၊ ကွာလာလမ်ပူ သို့ အမေရိကန်ဒေါ်လာ ၁၉၅၊ ကွမ်ကျိုးသို့ အမေရိကန်ဒေါ်လာ ၃၄၅ တို့ဖြင့် ရောင်းချပေး လျက်ရှိသည်။
အဆိုပါခရီးစဉ်များ၌ ခရီးသည်များ၏ ဝန်စည်စလွယ်ကို ၂ဝ ကီလိုဂရမ်အထိ သယ်ယူနိုင်ပြီး အကျွေးအမွေးများ ဖြင့်လည်း ဧည့်ခံသွားမည်ဟုသိရသည်။
''လေယာဉ်လက်မှတ်ခကို မူလဈေးနှုန်းထက် တစ်ဝက်လျှော့ချထားတဲ့အပြင် ဝန်စည်စလွယ်လည်း ၂ဝ ကီလိုဂရမ်အထိ သယ်ယူခွင့်ပေးတယ်။ လေယာဉ်ပေါ်မှာ အကျွေးအမွေးစရိတ်အတွက် ဝန်ဆောင်မှုပေးတာပါ၊ အခကြေးငွေထပ်ပေးစရာ မလိုဘူး'' ဟုအပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း ဈေးကွက်နှင့် လူမှုဆက်ဆံရေး အရာရှိ ဒေါ်အေးမရသာက ပြောကြား သည်။

အဆိုပါ ဈေးကွက်မြှင့်တင်မှုကာလမှာ ၂ဝ၁၅ ခုနှစ်ဇန်နဝါရီ ၁၇ ရက်မှ စတင်ခဲ့ပြီး မတ် ၂၈ ရက်အထိ ဖြစ်ကြောင်း၊ လက်မှတ်များ ကို ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ကြိုတင်ဝယ်ယူထား ရမည်ဖြစ်ကြောင်းလည်း သိရသည်။ အသွားအပြန် ခရီးစဉ်ရက်သတ်မှတ်ထားမှုမှာ ဗန်ကောက် ၇ ရက်၊ စင်ကာပူ ၁၄ ရက်၊ ကွာလာလမ်ပူ ၁၄ ရက်နှင့် ကွမ်ကျိုးရက် ၃ဝ ဖြစ်သည်။

No comments:

Post a Comment