ရန်ကုန် ဖေဖော်ဝါရီ
၁၃
လေကြောင်း ခရီးစဉ်များဖြင့် ပြည်တွင်း၌ သွားလာမှုများပြားလာသည်။
လေယာဉ်ခရီးစဉ် အကန့်အသတ်၊ ခရီးသည် အကန့်အ သတ် ရှိမှုများကြောင့် ပြည်တွင်း၌ လေကြောင်းခရီးစဉ်များက
အမြဲတမ်းခရီးသည် ပြည့်ကျပ်နေဆဲ ဖြစ်သည်။
ယခု ပြည်တွင်း၌ လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရန် လေကြောင်းလိုင်း
သစ်ဖြစ်သော APEX လေကြောင်းလိုင်းက ပထမဆုံးလေယာဉ်သစ်တစ်စင်း နေပြည်တော် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်က ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။
''ပြည်တွင်းခရီးစဉ်တွေမှာ ပြေးဆွဲဖို့ပထမဆုံးလေယာဉ်ဖြစ်ပါတယ်။
APEX လေကြောင်းလိုင်းအနေနဲ့က ပျံသန်း ခွင့်ကို ဒီလကုန်မှ ရရှိမှာဖြစ်လို့ လာမယ့်မတ်လကုန်ခန့်မှာ
ပြည်တွင်းလေကြောင်းခရီးစဉ်တွေ စတင်ပျံသန်း ပြေးဆွဲပေးမှာဖြစ်ပါတယ်''ဟု ယင်းလေကြောင်းလိုင်းမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
APEX လေကြောင်းလိုင်းသည် နေပြည်တော်တွင် အခြေစိုက်ပြီး မြန်မာနိုင်ငံတစ်ဝန်း
လေကြောင်းခရီးစဉ်များ ကို ပျံသန်းပေးသွားမည်ဖြစ်သည်။ ယင်းလေကြောင်းလိုင်းအတွက် နေပြည်တော်အပြည်ပြည်
ဆိုင်ရာလေဆိပ် သို့ ပထမဆုံးရောက်ရှိလာသော ခရီးသည်တင်လေယာဉ် အမျိုးအစားမှာ
ATR.72-600 အမျိုးအစားဖြစ်သည်။ ယင်းလေယာဉ်ဖြင့် ခရီးသည် ၇၂ ဦး တင်ဆောင်ပျံသန်းနိုင်သော်လည်း
ခရီးသည် ၇ဝ သာ တင်ဆောင်ပျံသန်း မည်ဖြစ်သည်။
အဆိုပါ လေကြောင်းလိုင်းအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း နောက်ထပ်လေယာဉ်နှစ်စင်း
ထပ်မံဝယ်ယူ ဖြည့်ဆည်း သွားမည်ဖြစ်သည်။ နောက်ထပ်ဝယ်ယူမည့် လေယာဉ်အမျိုးအစားများမှာလည်း
ATR.72-600 အမျိုးအစားဖြစ်ပြီး ခရီးသည် ၇၂ ဦးတင်ဆောင်ပျံသန်းနိုင် သည့်လေယာဉ်များဖြစ်သည်။
လာမည့်မတ်လကုန်မှ စတင်ပြေးဆွဲမည့် APEX လေကြောင်းလိုင်းသည်
ပြည်တွင်းခရီးစဉ်များအဖြစ် နေပြည်တော်မှ ရန်ကုန်၊ ရန်ကုန်မှ ထားဝယ်၊ ထားဝယ်မှမြိတ်၊
မြိတ်မှရန်ကုန်၊ ရန်ကုန်မှစစ်တွေ၊ စစ်တွေမှ ရန်ကုန်၊ ရန်ကုန်မှ နေပြည်တော်စသည့် ခရီးစဉ်များကို
ပြေးဆွဲသွားရန် စီစဉ်ထားသည်။
လေကြောင်းခရီးစဉ်များ ပြည်တွင်း၌တိုးချဲ့ပြေးဆွဲသွားမည့်အပြင်
၂ဝ၁၆ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ သို့ပြေးဆွဲသွားရန်လည်း စီစဉ်မျှော်မှန်းထားသည်။
ပြည်တွင်းခရီးစဉ်များကို လောလောဆယ်ပြေးဆွဲ ပျံသန်းရန် လာမည့်မတ်လကုန်၌ စတင်တော့ မည်ဖြစ်ရာ
မြန်မာ့လေကြောင်း ဖွံ့ဖြိုးလာမှုအတွက် ခြေလှမ်းတစ်လှမ်းပင် ဖြစ်သည်။
မြန်မာ့လေကြောင်းခရီးစဉ်တွင် ပျံသန်းနေသော လေကြောင်းလိုင်းများမှာ
အဲပုဂံ၊ အဲကမ္ဘောဇ၊ အဲမန္တလေး၊ ဂိုးဒင်းမြန်မာအဲလိုင်း၊ မန်းရတနာပုံ အဲလိုင်း၊ မြန်မာအမျိုးသား
လေကြောင်းလိုင်းစသည့် လေကြောင်းလိုင်းများ ပြေးဆွဲပျံသန်းလျက်ရှိသည်။
No comments:
Post a Comment