Friday, February 27, 2015

မိချောင်းကန်မြေယာကိစ္စ တရားမ၀င်ဆန္ဒပြနေသူ အစုအဖွဲ့အား မြို့တော်စည်ပင်သာယာရေးကော်မတီက ရှင်းလင်း ဖယ်ရှား

ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံဘေး စင်္ကြံလမ်းမ ပေါ်တွင် ယာယီတဲများထိုး၍ မိချောင်းကန်မြေယာကိစ္စ တရားမဝင် ဆန္ဒပြ နေသူအစုအဖွဲ့အား ယနေ့နံနက်စောစောပိုင်းက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ရှင်းလင်းဖယ်ရှားခဲ့သည်။

ယင်းသို့ မဟာဗန္ဓုလပန်းခြံဘေး အများပြည်သူဆိုင်ရာစင်္ကြံလမ်းပေါ်၌ မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ တဲများ ထိုးနေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၈ အရလည်းကောင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရယူဘဲ စုဝေးဆန္ဒဖော်ထုတ်နေခြင်းနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရလည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများက ကျောက်တံတားမြို့နယ်ရဲစခန်းတွင် အမှုတိုင်ကြားဖွင့်လှစ်ကာ သက်ဆိုင်ရာ တရားရုံးများသို့ ယနေ့တွင် တရားစွဲတင်ပို့ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment