Friday, February 27, 2015

ကြက်ငှက်တုတ်ကွေးရောဂါဖြစ်နေသော မုံရွာမြို့ ကြက်၊ ငုံးမွေးမြူရေးဇုန်တွင် ရောဂါဖြစ်ပွားခြံများမှ ကြက်၊ ငုံးများကို ရှင်းလင်းပြီး ကျန်ရှိခြံများကို စောင့်ကြည့်၍ ဇီဝလုံခြုံရေးမြှင့်တင်လျက်ရှိ



ရာသီဥတုပြောင်းလဲမှုကြောင့် မုံရွာမြို့ရှိ ကြက်၊ ငုံးအထူးဇုန်အတွင်း မှ ငုံးနှင့်ဥစားကြက်များ ကြက်ငှက် တုပ်ကွေးရောဂါ (H5N1) ကြောင့် ဖေဖော်ဝါရီ ၂၆ ရက်အထိ ဥစားကြက် ၃၂၄၁ ကောင်နှင့် ငုံး ကောင်ရေ ၁၃၆၁၉ ကောင်သေဆုံး ခဲ့သည်။



ဇုန်အတွင်းရှိ ကြက်၊ ငုံး ခြံများနှင့် ပြင်ပခြံများသို့ ကူးစက်မှု မရှိစေရန် ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကြက်ငှက် တုပ်ကွေးရောဂါထိန်းချုပ်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ ဇုန်အတွင်း အဝင်၊ အထွက်များကြပ်မတ်ခြင်း၊ ရောဂါ ကြောင့် သေဆုံးကြက်နှင့် ငုံးများ စနစ်တကျမြှုပ်နှံခြင်း၊ ဇုန်အတွင်း ဇီဝလုံခြုံရေးများ စသည်တို့ကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တိုင်းဒေသကြီး ကြက်ငှက်တုပ်ကွေး ရောဂါ ထိန်းချုပ်ရေးအဖွဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန် ရှိသူများ၊ မုံရွာမြို့ကြက်ငုံးမွေးမြူ ရေး အထူးဇုန်မှ လုပ်ငန်းရှင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦး၊ ကျန်းမာရေး ပညာရှင်၊ ဇီဝပညာရှင်များဖြင့် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း များကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆွေးနွေးကြသည်။
''အခု လောလောဆယ် ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို အလျင်အမြန် ထိန်းချုပ်ပြီး လူတွေရဲ့ ကျန်းမာရေးထိခိုက်မှုကို ကာကွယ်ဖို့အတွက် ရောဂါဖြစ်နေ တဲ့ ကြက်၊ ငုံးခြံတွေက ကြက်၊ ငုံး တွေကို ရှင်းလင်းသုတ်သင်နေပါ တယ်။ ရောဂါမကူးစက်သေးတဲ့ ကြက် ငုံးခြံတွေကိုတော့ ဇီဝလုံခြုံရေးကို မြှင့်တင်ပြီး အဘက်ဘက်က ရောဂါ မကူးစက်အောင် ဆောင်ရွက်နေပါ တယ်။ ကြက်သေ၊ ငုံးသေတွေကို ခွေးကချီပြီး မဖြစ်သေးတဲ့ခြံတွေ ဘက် ယူလာတာမျိုးကို မဖြစ်သေး တဲ့ခြံကလူတွေက အများကြီး ဂရု စိုက်ရမှာဖြစ်ပါတယ်။ အခုဖြစ်နေ တာက ကျန်တဲ့ကြက်ခြံ၊ ငုံးခြံက ကြက်တွေ ငုံးတွေ ဖျက်ရမှာလား ဆိုတာပူနေကြတာပါ။ ကြက်နဲ့ ငုံးခြံ အားလုံးကို သိစေချင်တာက ဖြစ်တဲ့ ကြက်နဲ့ငုံးကိုပဲ သုတ်သင်ပြီးကျန်တာ တွေကိုတော့ စောင့်ကြည့်ဖို့အဆင့်မှာပဲ ရှိပါတယ်''ဟု တိုင်းဒေသကြီး စိုက်ပျိုး ရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစောမြင့် ဦးက ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ကြိုတင်စီစဉ်မှုအဖြစ် မုံရွာမြို့ပြည်သူ့ ဆေးရုံကြီးအတွင်း အဆောင် တစ်ဆောင် သီးသန့်အခန်းထားကာ အကယ်၍ H5N1 ရောဂါ လူကို ကူးစက်မှုဖြစ်လာလျှင် ကုသနိုင်ရန် အတွက် ဆေးဝါးနှင့်အကူပစ္စည်းများ ကိုထားရှိဆောင်ရွက်ထားပြီး စစ်ကိုင်း တိုင်းဒေသကြီး ကျန်းမာရေး (ကူးစက်) ဌာန တာဝန်ရှိသူများ အနေဖြင့်လည်း အကယ်၍ ရောဂါဝင်ရောက်သည်ဟု သံသယဖြစ်ဖွယ် သတင်းဦးကို ရရှိစေရန်အတွက် ကွန်ရက်များကို နည်း မျိုးစုံဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရ သည်။
''ကြက်ငှက်တုပ်ကွေးရောဂါက ကြက်အချင်းချင်း အကူးမြန်သလို ကြက်နဲ့ ကြက်ချေးကိုင်တဲ့လူမှ တစ် ဆင့် အသက်ရှူလမ်းကြောင်း လေထဲ က ကူးစက်စေနိုင်တဲ့အတွက် သတင်းဦးရရှိဖို့က အားလုံးအတွက် အရေးကြီးပါတယ်။ အဓိက ကြက်၊ ငုံးဇုန်နဲ့ဆက်စပ်တဲ့သူတွေက ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါ လူကို ကူးလို့ရှိရင် လူ ၁ဝဝ ဖြစ်ရင် ၄ဝ သေဆုံးနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန် သဘောမထားဘဲ သတိရှိဖို့လိုနေပါပြီ'' ဟု တိုင်းဒေသ ကြီး ကျန်းမာရေး(ကူးစက်)တာဝန်ခံ ဒေါက်တာစုမွန်သွယ်က ပြောပြသည်။
ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ် နေ၍ ကန့်သတ်နယ်မြေအဖြစ် ထိန်းချုပ်ထားသောမုံရွာ ကြက်၊ ငုံး မွေးမြူရေးအထူးဇုန်အတွင်းမှ ဥစား ကြက်အရှင် အကောင် ၁၂ဝနှင့်ကြက် အသေ ၁ဝ ကောင်၊ ငုံးအသေ အကောင် ၃ဝဝဝ နှင့် ငုံးအရှင် ၁ဝဝဝ တို့ကို ဖေဖော်ဝါရီ ၂၅ ရက်က လိုက်ထရပ်ယာဉ်တစ်စီး၊ ဆိုင်ကယ် လေးစီးတို့ဖြင့် ဇုန်အတွင်းခြံသုံးခြံမှ ဝယ်ယူ၍ ဇုန်ပြင်ပသို့သယ်ဆောင်စဉ် သက်ဆိုင်ရာက ထိန်းသိမ်းနိုင်ခဲ့ ကြောင်းသိရသည်။ ထိန်းသိမ်းရရှိ သော ကြက်ငှက်တုပ်ကွေးရောဂါရှိ ကြက်နှင့်ငုံးများကို ယင်းနေ့ ည ၁၁ နာရီတွင် သတ်မှတ်ထားသော ကြက်၊ ငုံးမွေးမြူရေးဇုန်အနီးမှ မြေကျင်းသို့ စနစ်တကျ သုတ်သင် မြေမြှုပ်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက် တွင်လည်း ဇုန်အတွင်း ကြက်၊ ငုံးခြံတို့ မှ သေဆုံးကြက်နှင့် ငုံးများကို စနစ် တကျမြှုပ်နှံဆောင်ရွက်ခြင်း၊ ဇုန်အတွင်း ဝင်သမျှထွက်သမျှသော ဆိုင်ကယ်၊ ကားများကို ဇီဝဆေးများဖျန်းခြင်း၊ ဇုန်အတွင်းရှိသူများ ပြင်ပသို့သွားလာ မှုကန့်သတ်ခြင်းများကို အများ၏ကျန်းမာရေးအရ အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။
မုံရွာကြက်၊ ငုံးအထူးဇုန်သည် မြို့ ၏ အရှေ့မြောက်ဘက်ငါးမိုင်ခန့်အကွာ သာစည်လမ်းမကြီးဘေးတွင် တည်ရှိ သည်။ ကြက်၊ ငုံးမွေးမြူရေးအထူးဇုန် ကြီးအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ဖေဖော်ဝါရီလဆန်းမှ စတင်၍ သတိထားစောင့်ကြည့်ရင်းဇီဝ လုံခြုံရေးကို မြှင့်တင်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ဇုန် အတွင်း ကြက်၊ ငုံးများ စတင်သေဆုံး ခဲ့သည်။ သေဆုံးမှုနှုန်းမှာ တစ်ရက် ထက်တစ်ရက် မြင့်လာသောကြောင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် တိုင်း ဒေသကြီး ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးအဖွဲ့ကို ဖွဲ့စည်း၍ကြပ်မတ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
''ဇုန်ထဲက ဖြစ်ပွားနေတဲ့ ကြက်ခြံ တွေနဲ့ ငုံးခြံတွေက သေဆုံးကြက်၊ ငုံး တွေကို စနစ်တကျထုပ်ပိုး၊ ပိုးသတ် ဆေးဖျန်း မြေမြှုပ်နေပါတယ်။ ဈေးကွက်မှာရောက်နေတဲ့ ကြက်၊ ငုံး တွေက အသားကောင်းတွေပါ။ ထိန်းချုပ်ပြီး လွှတ်ပေးနေတာပါ။ ဇုန် ထဲက မွေးမြူရေးထွက်ကုန်တွေ အားလုံးမထွက်ဖို့ ပိတ်ထားလိုက်ပါ ပြီ'' ဟု တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက ပြောပြသည်။
သေဆုံးပြီး ကြက်နှင့်ငုံးကောင် အချို့ကို မန္တလေးဓာတ်ခွဲခန်းသို့ ပို့ ဆောင်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့နေ့လယ်ပိုင်းအထိ အကျယ် ၁ဝ ပေပတ်လည်၊ အနက်ကိုးပေရှိ ကျင်း များကို ဇုန်၏ပြင်ပတွင်တူးကာ သေဆုံးအကောင်များအား လုပ်သား ခြောက်ဦးဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ မြှုပ်နှံနေရကြောင်း သိရသည်။
''ရောဂါဖြစ်တဲ့ ခြံပိုင်ရှင်တွေ အနေနဲ့က မရှင်းနဲ့ပြောတောင်ရှင်းချင် ပါတယ်။ အနံ့ကလည်းဆိုး၊ ဝန်းကျင် လည်းရောဂါကူးမှာစိုးသလို လူကို ဒုက္ခပေးပြီး မိသားစုတွေအတွက် စိုးရိမ်လို့ပါ။ ရှင်းဖို့ဆိုပြီး ကြက်ကိုင် (ကြက်သတ်)တဲ့သူကို မေးတော့ တစ်ကောင် ၁၅ဝ နှုန်းပေးရမယ်ဆို လို့ပေးပြီး ရှင်းနေရပါတယ်။ အခု လောလောဆယ် ဈေးကွက်ကလည်း လုံးဝပိတ်နေပြီဆိုတော့ အစာဖိုး ပါ ထပ်ကုန်မယ့်အတူတူ တကယ် ဖြစ်နေတဲ့ခြံတွေ ရှင်းသင့်ပါတယ်။ ဒါပေမယ့် ရှင်းခပေးရတာတစ် ကောင်၁၅ဝဆိုတာကို ခရိုင်မွေး/ကု ဦးစီးကညှိပေးတာ။ တစ်ခြံကို နှစ်သောင်းခွဲနဲ့ပါ။ တစ်ခြံကို အကောင် ဘယ်လောက်ရှိရှိပေါ့။ ၂ဝဝ၆ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ်ကလည်း ကြက်ငှက်တုပ်ကွေးဖြစ်လို့ ခြံရှင် တွေခံရ၊ ၂ဝ၁၃ မှာလည်း မီးလောင် လို့ခံရ၊ အခု ၂ဝ၁၅မှာလည်း အခု လို ဖြစ်လို့ခံရဆိုတော့ ချေးငွေ ချေးပြီး လုပ်ငန်းလည်ပတ်နေကြတဲ့ ခြံရှင်တွေအနေနဲ့ အတော်ခက်ခဲ စေမှာပါ'' ဟု မုံရွာ ကြက်၊ ငုံးဇုန်ရှိ ခြံရှင်တစ်ဦးက ပြောသည်။
မုံရွာမြို့ ကြက်၊ ငုံးမွေးမြူရေး အထူးဇုန်ကြီးတွင် ယခုကြက်ငှက် တုပ်ကွေးရောဂါ မဝင်ခင်အထိ ဥစားကြက်ခြံ ၁၂၃ ခြံတွင် ဥစား ကြက်ကောင်ရေ ၁၄ဝဝဝဝနှင့် ငုံးခြံ ၅၁ ခြံတွင် ငုံးအကောင်ရေ ငါးသိန်း မွေးမြူထားပြီး ဖေဖော်ဝါရီ ၂၆ ရက် အထိ ကြက် ၃၂၄၁ ကောင်၊ ငုံး ၁၃၆၁၉ ကောင်သေဆုံးနေပြီး ရှင်း လင်းသုတ်သင် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment