Friday, February 27, 2015

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒဖော်ထုတ်



မိတ္ထီလာ ဖေဖော်ဝါရီ ၂၆
မိတ္ထီလာမြို့တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ခွင့်ပြုချက် ရယူကာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီခွဲက လမ်းကြောင်းနှစ်ခု ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

လမ်းကြောင်းအမှတ် (၁) ဆန္ဒ ဖော်ထုတ်သည့် အဖွဲ့သည် မိတ္ထီလာ ဝန်ဇင်းဟိုတယ်အနီးမှ ကန်ကူးတံတား နာရီစင်လမ်းကြောင်းအတိုင်း အောင် မင်္ဂလာခန်းမကွင်းပြင်အထိလူအင်အား ၆ဝဝ ခန့်ဖြင့်လည်းကောင်း၊ လမ်း ကြောင်းအမှတ် (၂) ဆန္ဒဖော်ထုတ် သည့်အဖွဲ့သည် ရတနာသင်္ကျစ် ဘုရား အနီးကွင်းပြင်မှ နာရီစင်-တော်ဝင်နန်းလမ်းဆုံမှ အောင်မင်္ဂလာ ခန်းမ ကွင်းပြင်အထိလည်းကောင်း စုပေါင်းလမ်းလျှောက် ဆန္ဒဖော်ထုတ် ကြသည်။
စုပေါင်းလမ်းလျှောက် ဆန္ဒ ဖော်ထုတ်သူများက ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကြွေး ကြော်သံများ ကြွေးကြော်ခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းဖို့လိုသည်၊ လက် နက်နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံး လဲလှယ်ပေး၊ တည်ငြိမ်အေးချမ်းမှု ဖျက်ဆီးသူ ဒို့ရန်သူစသည့် စာတန်း များပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ကြရာ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များက ဆန္ဒဖော်ထုတ်သူများ အေးချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ရေး အတွက် ဝိုင်းဝန်းထိန်းသိမ်းကူညီ ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ တွင် ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၈ အုပ်စုမှ ဒေသခံ ပြည်သူ ၁၂ဝဝ ခန့် ပါဝင်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများထံ ခွင့်ပြုချက်တောင်းခံ၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment