Friday, February 27, 2015

ရွှေပြည်သာစက်မှုဇုံရှိ အငြင်းပွားမှုဖြစ်ခဲ့သည့်စက်ရုံများ၏ အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းစွာ ၀င်ရောက် လုပ်ကိုင်လျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်ရှိ အငြင်းပွားမှုဖြစ်ခဲ့သည့် Costec ၊ Ford Glory၊ Red Stone အထည်ချုပ်စက်ရုံတို့မှ အလုပ်သမားများ လုပ်ငန်းခွင်၌ အေးချမ်းစွာ ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၉ နာရီတွင် အငြင်းပွားမှုဖြစ်ပွားသည့် အထည်ချုပ်စက်ရုံများ မှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် မန်နေဂျာ၊ ရပ်မိရပ်ဖများ၊ ရွှေပြည်သာစက်မှု ဇုန် စီမံခန့်ခွဲရေးကော်မတီမှ ဦးမျိုးသိန်းနှင့် လုပ်ငန်းခွင် ဝင်ရောက်နေသည့် စက်ချုပ်လုပ်သားအချို့ကို မေးမြန်းခဲ့ရာ တောင်းဆိုဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် စက်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားတို့အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အလုပ်သမားရေးရာညှိနှိုင်း ဆွေးနွေးရေးအဖွဲ့တို့မှ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေး ပေးခဲ့သဖြင့် Costec အထည်ချုပ်စက်ရုံသည် ဇန်နဝါရီ ၂၈ ရက်က စတင်တောင်းဆိုမှုဖြစ်ပွားခဲ့ပြီး အလုပ်ရှင် လိုက်လျော ပေးမှုအပေါ် အလုပ်သမားအများစုက သဘောတူညီမှု ရရှိ၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်း ခွင်သို့ အေးချမ်းစွာ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း၊ ယနေ့တွင် အလုပ် သမား ၁၂၂၆ ဦး ရှိသည့်အနက် ၈၆၃ဦး လုပ်ငန်းခွင် ဝင်ရောက်လျက်ရှိ၍၇ဝ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ Ford Glory အထည်ချုပ်စက်ရုံသည် ဖေဖော်ဝါရီ ၅ ရက်ကစတင်၍ တောင်းဆို ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အလုပ်ရှင်လိုက်လျော ပေးမှုအပေါ် အများစုက သဘောတူညီမှုရရှိ၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းခွင်သို့ အေးချမ်းစွာ ဝင်ရောက် လုပ်ကိုင်ခဲ့ရာ ယနေ့ တွင် အလုပ်သမား ၆၁၁ ဦးရှိသည့်အနက် ၃၉၇ ဦး လုပ်ငန်းခွင်ဝင်ရောက် လျက်ရှိ၍ ၆၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊Red Stone အထည်ချုပ်စက်ရုံသည် ဖေဖော်ဝါရီ ၃ ရက်က စတင်၍ တောင်းဆိုဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အလုပ်ရှင်၏လိုက်လျောပေးမှုကို ရာနှုန်းပြည့် သဘော တူညီမှုရရှိ၍ ဖေဖော်ဝါရီ ၁၆ ရက် တွင် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းခွင်သို့ အေးချမ်းစွာဝင်ရောက်လုပ်ကိုင် ခဲ့ရာ ယနေ့တွင် အလုပ်သမား ၉ဝ၃ ဦးရှိသည့်အနက် ၈၈၂ ဦး လုပ်ငန်းခွင်ဝင်ရောက် ခဲ့၍ ၉၇ ရာခိုင်နှုန်းခန့် အလုပ်ဆင်းပြီး လုပ်ငန်းခွင်၌ ပုံမှန်ကုန်ထုတ်လုပ်မှု များကို အေးချမ်းစွာ လုပ်ကိုင်လျက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment