ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၄) မှ ဒေါက်တာ မြတ်ဉာဏစိုး ၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လူမှုဖူလုံရေးအိမ်ရာများ
ထူထောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး
ဥပဒေကို စတင်အကောင် အထည်ဖော်သည့်အခါ ပုဒ်မ - ၁၀၀ နှင့်အညီ အာမခံ စနစ် များကို အဆင့်ဆင့်
အကောင်အထည်ဖော်ရာတွင် အခြားလူမှုဖူလုံရေးစနစ်( အိမ်ရာစီမံ ကိန်း) ကို အကောင် အထည်ဖော်နိုင်ရန်
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဘဏ္ဍာရန်ပုံငွေ ဖူလုံမှုတို့အပေါ်တွင်မူတည်၍
လာမည့်ဘဏ္ဍာရေးနှစ်များတွင် အခြေအနေ အရပ်ရပ်ကို စဉ်းစားသုံးသပ်ပြီး အကောင်အထည်ဖော်နိုင်ရန်
ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက် သွားနိုင်မည်ဖြစ် ပါကြောင်း၊ အိမ်ရာစီမံကိန်းအကောင်အထည်
ဖော်ဆောင်ရွက်သည့်အခါ အာမခံလုပ်သား များက ၄င်းတို့ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို အိမ်ရာစီမံကိန်းအတွက်
ဆန္ဒအလျောက် ထည့်ဝင်ရမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ - ၁၆၉ တွင် ဖော်ပြထားသည့် လူမှုရေး အိမ်ရာ
စီမံကိန်းတွင် ထည့်ဝင်ကြေးပေးသွင်းသူများ သည် အိမ်ရာတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ထည့်ဝင်ပြီး
လျှင်သော် လည်းကောင်း၊ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေ နှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှစ်ရပ်ပေါင်းအရ
ပေးသွင်းထားသည့် ထည့်ဝင်ကြေးကာလ လပေါင်း (၁၈၀) ရှိပြီး အိမ်ရာတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို
တစ်လုံးတည်းပေးချေနိုင်လျင်သော်လည်းကောင်း လူမှုဖူလုံရေးအိမ်ရာ ၀ယ်ယူခွင့်ရှိမည်ဖြစ်ပါကြောင်း၊
နည်း ဥပဒေ - ၅၅ (ဃ) အရ အလုပ်သမား ဘက်မှလည်း မိမိတို့ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို လစဉ်ထည့်
ဝင်နိုင်မည့် အခြေအနေရှိရန်လည်း လိုအပ် မည်ဖြစ်ပါကြောင်း၊
လက်ရှိအချိန်တွင် လူမှုဖူလုံရေးဥပဒေအသစ်
အသက်ဝင်မှုအချိန်ကာလ မကြာမြင့်သေးသော်လည်း ပြဋ္ဌာန်း ဥပဒေနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာ
တွင် အကျိုးသက်ရောက်မှုများစွာရှိနေပါကြောင်းနှင့် ရေရှည် ဆောင်ရွက်ရ မည့်လုပ်ငန်း များတွင်
လူမှုဖူလုံရေးရန်ပုံငွေများဆုံးရှုံးမှုမရှိစေရန်အတွက် လူမှုဖူလုံရေး အိမ်ရာစီမံကိန်း အကောင်
အထည်ဖော် ဆောင်ရွက်ရာတွင် အခြေအနေအရပ်ရပ်ကို စဉ်းစားသုံးသပ်ပြီး ဆောင်ရွက် နိုင်မည့်
အခြေအနေသို့ရောက်ရှိချိန်တွင် ဆက်လက်စီစဉ်ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါကြောင်း ဖြင့်
ရှင်း လင်းဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)
မှ ဦးစောမော်ထွန်း ၏ တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံကျင်းပရာ ရန်ကုန်မြို့အတွင်းဝန်ရုံးရှိ
သမိုင်းဝင်ပါလီမန် အဆောက် အအုံကို အများပြည်သူလေ့လာနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်
က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ၀န်ကြီးများရုံး( အတွင်းဝန်ရုံး) အဆောက်
အအုံအား ရှေးမူမပျက် စနစ်တကျလေ့လာမွမ်းမံပြင်ဆင်ထိန်းသိမ်း ထားရှိနိုင် ရန်အတွက် ပြတိုက်အသွင်
ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က တင်ဒါခေါ်ယူ၍ အနော်မာအနုပညာအဖွဲ့
ကုမ္ပဏီ လီမိတက်ကို ဆောင်ရွက်ခွင့်ပြု ခဲ့ပါကြောင်း၊ ကုမ္ပဏီသည် အဆိုပါဝန်ကြီးများရုံးတွင်
သမိုင်းပြတိုက်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးသွားသည့်အခန်း၊ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ် အောင်ဆန်း နောက်ဆုံး ရုံးထိုင်သွားသည့်အခန်းနှင့် တိုင်းပြုပြည်ပြုလွှတ်တော်
ညီလာခံ ကျင်းပခဲ့ရာ သမိုင်းဝင်ပါ လီမန်အဆောက် အဦနေရာများတွင် ဖွင့်လှစ်ဆောင်ရွက်သွား
မည်ဖြစ်၍ အများပြည်သူလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်း
ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်
(၆) မှ ဦးမျိုးမြင့် ၏ မြန်မာနိုင်ငံ၏အနာ ဂတ်လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးမှုတွင် မျှတခြေရှိ၍
အာမခံနိုင်သောစီမံကိန်းများကို အောင်မြင်စွာ အကောင်အ ထည်ဖော်ဆောင် ရွက်သွားပါရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်း ကြောင်းအဆိုနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၆) မှ ဒေါ်နန်းနီနီအေး
က နိုင်ငံတော်၏ သဘာဝရေအရင်းအမြစ်၊ ရေသယံဇာတများကို သဘာဝ ပတ်ဝန်း ကျင်ထိခိုက်မှုအတွက်
ကုစားလုပ်ဆောင်နိုင်သည့် အစီအမံများမှ ထွက်ပေါ်လာမည့် အကျိုး အမြတ်များအား အပေါင်းဘက်တွင်ရှိနေမှသာ
နေ့စဉ်ရင်ဆိုင်နေကြရသည့် လျှပ်စစ်လုံလောက် စွာမရရှိမှုအခက်အခဲများမှ လွတ်မြောက်နိုင်မည်ဟု
သုံးသပ်လိုပါ ကြောင်းဖြင့် ထောက်ခံဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)
မှ ဦးစိုးမြင့် က ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နောင်အနာ ဂါတ်လျှပ်စစ်လိုအပ်ချက်များကိုမျှော်မှန်း၍
စီမံချက် အမျိုးမျိုးဖြင့် ဓာတ်အားထုတ်ယူရရှိရေး၊ ၀ယ်ယူသုံးစွဲ နိုင်ရေးတို့ကို ရပ်တန့်ခြင်းမရှိဘဲ
ဦးစားပေးလုပ်ဆောင်လျက်ရှိနေကြသည်ကို အထင်အရှား တွေ့မြင်နေရပါကြောင်း၊ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
စီမံဆောင်ရွက်လျက်ရှိသည့် အချိန်တို အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးရ
ရှိနိုင်မည့် ရေရှည်အာမခံနိုင်သည့် လျှပ်စစ်
ဓာတ်အားရှိနိုင်မည့် လျှပ်စစ်စီမံကိန်းကြီးများကို လုံလောက်သည့် အချိန်ပေးပြီး ဘက်ပေါင်းစုံမှ
ဖြစ်မြောက်နိုင်စွမ်းရှိမှုအပေါ် အခြေခံ၍ တာဝန်ယူသည့် အဖွဲ့အစည်းများ က လုပ်သာကိုင် သာရှိအောင်
ပူးပေါင်းဆောင် ရွက်ကြ ရန်ဖြစ်ပါ ကြောင်းဖြင့် ထောက်ခံ ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ
ဦးသိန်းလှိုင် က ၂၀၁၄ ခုနှစ် အတွင်း လျှပ်စစ်နှင့်ပတ်သက်၍
အနုတ် သဘောဆောင်သည့် ရှုထောင့်အမြင်များ၊ ဝေဖန်မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို
အနှောင့် အယှက် အဟန့်အတားဖြစ်စေခဲ့ပါ ကြောင်း၊မိမိတို့နိုင်ငံသည် လျှပ်စစ်မီးအမှန်တကယ်လိုအပ်လျက်ရှိနေပါကြောင်း၊
သဘာဝ ပတ်ဝန်းကျင်နှင့် ထိခိုက်မှုကင်းသည့် လျှပ်စစ်ဓါတ်အားထုတ်ယူမှုများကို သားစဉ် မြေးဆက်
အသုံးပြုနိုင် ရန် ထုတ်ယူဆောင်ရွက်ကြရမည်၊ အားပေးကြရမည် ဖြစ်ပါကြောင်း။ ထို့အတူ လျှပ်စစ်ဓါတ်အား
ထုတ်ယူနိုင် ရေးအတွက် အသိပညာပေးရေး လုပ်ငန်းများ ကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင် ရန်လိုအပ်ပါကြောင်းဖြင့်
ထောက်ခံဆွေးနွေးပြီး အဆို အား လွှတ်တော်က အတည်ပြုခဲ့သည်။
No comments:
Post a Comment