Thursday, February 19, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြင်သစ်-မြန်မာချစ်ကြည်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်-ဖေဖော်ဝါရီ-၁၉
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြင်သစ်အမျိုးသားလွှတ်တော် ပြင်သစ်-မြန်မာချစ်ကြည်ရေး ကော်မတီ ဥက္ကဋ္ဌ မစ္စ်မီရှဲဘွန်းန်တွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ ပညာရေး၊ တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွတ်ရေး အပြင် ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ လာရောက် လုပ်ကိုင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာဇော်မင်းအောင်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ချစ်ကြည်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး မစ္စတာ သရီမက်သူလည်း တက်ရောက်သည်။

No comments:

Post a Comment