နေပြည်တော် ဖေဖော်ဝါရီ (၁၈)
ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန၊ မြန်မာ့ မီးရထားသည် လောက်ကိုင်ဒေတွင် အလုပ်လုပ်ကိုင်နေသူ ပြည်သူ များသည်
ရထားဖြင့် လိုက်ပါစီးနင်း၍ ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာနိုင်ရေး အတွက်မန္တလေး ဘူတာကြီးသို့
ဖေဖော်ဝါရီ(၁၆)ရက်တွင် (၂၉၄)ဦး၊ ဖေဖော်ဝါရီ (၁၇)ရက်နေ့တွင် (၁၁၄)ဦး၊စုစုပေါင်း(၄၀၈)ဦး
ရောက်ရှိရာ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ၄င်းတို့အားကူညီ စောင့်ရှောက်၍ မန္တလေး
ဘူတာကြီး၊ အမှတ်(၂)စင်္ကြံတွင် ခေတ္တနေရာချထား ပေးခဲ့သည်။
အဆိုပါ
ပြည်သူများအတွက် ညစာထမင်းဘူးများနှင့် နံနက်စောစာအတွက် ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်
များအား မန္တလေးတိုင်းဒေသကြီး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ အခမဲ့စီစဉ်ဝေငှပေးခဲ့ပြီး
မြန်မာ့မီးရထားမှ မန္တလေးဘူတာကြီးမှ နံနက်(၆)နာရီ ထွက်ခွာသော အမှတ်(၁၂)အစုန် အမြန်ရထား၌
ရန်ကုန်သို့ပြန်မည့် (၁၈၅)ဦးနှင့် ပုသိမ်သို့ပြန်မည့်(၆၃)ဦး၊ စုစုပေါင်း(၂၄၈)ဦး အတွက်
ရိုးရိုးတန်း(၃)တွဲဖြင့်လည်းကောင်း၊ လမ်းခရီး ဆင်းသက်ကြမည့် (သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်၊
တပ်ကုန်း) (၁၆၀)ဦးအတွက် ရိုးရိုးတန်း(၂)တွဲဖြင့် လည်းကောင်း အခမဲ့စီစဉ် ဆောင်ရွက်ပေးသည်။
အဆိုပါရထား နေပြည်တော် ဘူတာကြီးသို့ ဆိုက်ရောက် လာချိန်တွင် ရန်ကုန်နှင့်ပုသိမ်သို့
သွားရောက် ကြမည့်ပြည်သူများအား နေ့လည်စာ ထမင်းဘူးများဝေငှခြင်း ရန်ကုန်သို့ ပြန်မည့်အဖွဲ့၌
ဖောင်ကြီးဒေသ သို့သွားရောက်မည့် ပြည်သူ(၄၀)ဦးအတွက် သွားလာမှုအဆင် ပြေစေရန် အမှတ်(၁၂)အစုန်ရထားကို
ဒါးပိန်ဘူတာ၌ (၅)မိနစ်ရပ်တန့်၍ လိုရာခရီးဆက်လက် ထွက်ခွာနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း
မြန်မာ့မီးရထားမှ သတင်းရရှိပါသည်။
No comments:
Post a Comment