Friday, February 27, 2015

တိုင်းပြည်ငြိမ်းချမ်းမှု ဖော်ဆောင်ရေး တွင်းငယ်ကျေးရွာတွင် ဆန္ဒဖော်ထုတ်


သပိတ်ကျင်း ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို ရှေ့ဆောင် ချီတက်နေချိန်တွင် ဒီမိုကရေစီကို လိုလားတောင့် တနေ သော ပြည်သူများ၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော ပြည်သူများသည် ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်း မှုဖော်ဆောင် ရေးအတွက် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉နာရီက မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် တွင်းငယ်ကျေးရွာ ပြည်သူ့ အားကစားကွင်း၌ ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံ ပြည်သူ ၁၂ဝဝ ကျော်သည် တွင်းငယ် ကျေးရွာ ဒေါနခြံရပ်ကွက် လမ်းဆုံသို့ ရောက်ရှိကြပြီး နံနက် ၉ နာရီမှ စတင်၍ တိုင်းရင်းသားလူမျိုး အားလုံး၏ တန်းတူအခွင့်အရေးများ ရရှိရန် နိုင်ငံတော်အေးချမ်းတည်ငြိမ် ရန်လိုသည်၊ စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရန် တည်ငြိမ် အေးချမ်းဖို့လိုသည်၊ မတည်ငြိမ် ဆူပူအောင် ဖန်တီးမှုမှန်သမျှ ဆန့်ကျင်သည် ၊ ၂ဝ၁၅ ခုနှစ်ငြိမ်းချမ်း မှုဖော်ဆောင်ရေး အောင်ရမည် စသည့် စာတန်းများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ကြွေးကြော်သံ များနှင့်အတူ ကျေးရွာအတွင်းမှ လမ်းကြောင်းအတိုင်း အားကစား ကွင်းသို့ စုရုံးရောက်ရှိခဲ့ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာ ဒေသအာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် တရားဝင်ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁ဝ နာရီတွင် ဆန္ဒဖော်ထုတ်ပွဲ ငြိမ်းချမ်းစွာပြီးစီး သွားကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)

No comments:

Post a Comment