မောင်မုဒိတာ
ကျွန်တော်သည် ဓါတ်မီးတစ်လက်ဆွဲ၍ လမ်းထိပ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့
ထွက်လာခဲ့သည်။ အချိန်က ည ၇ နာရီကျော်ပြီ။ ဒီအချိန်ဆို ရပ်ကွက်ရုံးဖွင့်ပြီပေါ့။အကြောင်းက
ကျွန်တော့ညီမရဲ့ သားနှစ်ယောက် ဇာတိမြို့မှ ကျွန်တော်နေထိုင်ရာမြို့သို့ လာလည်ကြသည့်အတွက်
ညဥ့်အိပ်ညဥ့်နေ ဧည့်စာရင်း တိုင်ကြား ရန်ဖြစ်သည်။ တစ်ယောက်ကတော့ မှတ်ပုံတင်ပါသည်။
တစ်ယောက်က တော့ မှတ်ပုံတင်ပျောက်သွား၍ သူ့ရပ် ကွက်က ထောက်ခံ စာတော့ ပါသည်။ ရုံးရောက်တော့
ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အဆင်သင့် ပင်တွေ့ရသည်။ ရုံးကညပိုင်းသာဖွင့် သည့်အတွက်
ကျွန်တော့်လို ဧည့်စာရင်းတိုင်မည့်သူများ ကြောင့် စည်ကား သလို ရှိနေသည်။
''ဦးလေး လာထိုင်ပါဦး၊ အေးအေးဆေးဆေးဆိုရင်၊ စကားလေးဘာလေး ပြောရတာပေါ့ဗျာ'' ဟု
အုပ်ချုပ်ရေး မှူးက ပြောသည်။ ကျွန်တော်လည်း ခုံအလွတ်တစ်လုံးဆွဲ၍ ထိုင်လိုက်သည်။ ကျွန်တော့်အိမ်နှင့်ရပ်ကွက်ရုံးက
သိပ် မဝေး၊ ညဘက်ထမင်းစားပြီး လမ်းလျှောက်ရင်း ရပ်ကွက်ရုံး ၌ ဝင်ထိုင်စကားစမြည်ပြောနေကြဆိုတော့
ရပ်ကွက်အုပ်ချုပ် ရေးမှူးက လှမ်းပြောလိုက်ခြင်းဖြစ်သည်။ ''ဥက္ကဋ္ဌရာ၊ ဒါလေးအရင်လုပ်ပေးပါဦး၊
ပြီးတော့ ပြောကြ တာပေါ့'' ဟု ကျွန်တော့် တူများအတွက် ဧည့်စာရင်းတိုင်ဖို့ မှတ်ပုံတင်
နှင့်စာရွက်များကို ရုံးစာရေးထံပေးလိုက်သည်။ ရုံးစာရေး ကလည်း ရှေ့ကဧည့်စာရင်းတိုင်သူများကို
ပုံစံများဖြည့် သွင်းလျက်ရှိရာ လက်မလည်အောင် ဖြစ်နေသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက
အသက်ငယ်သေးတယ် ဆိုပေမယ့် ရည်ရည် မွန်မွန် ရှိသည်။ ရပ်ကွက်အတွက် အားကိုးရသည်။ ကျွန်တော်က
ဌာနတစ်ခုမှ ဝန်ထမ်းဟောင်းတစ်ဦး။ အငြိမ်း စားယူတာ နှစ်နှစ်ကျော်ပြီဆိုတော့ ရပ်ကွက်ထဲမှာ
ရပ်မိ ရပ်ဖလိုဖြစ်နေပြီ။ ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ် ရေးမှူးကို ဥက္ကဋ္ဌလို့ခေါ်သည်က
နှုတ်ကျိုးနေပြီ။ ၎င်း၏ဘေးတွင် ကျွန်တော့်အိမ်နှင့်သုံးလေးအိမ်ကျော်တွင် နေထိုင် သည့် မြို့နယ်လဝကရုံး
ဝန်ထမ်းဖြစ်သူ မောင်မောင်ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးအား စာရွက်စာတမ်းများ နှင့်ဘာတွေ
ရှင်းပြနေသည်မသိ၊ ရပ်ကွက်စာရေးက စာရင်း များရေးသွင်းနေရင်းမှ ''မှတ်ပုံတင်မရှိဘဲ ထောက်ခံချက်
တွေနဲ့ ဧည့်စာရင်းလာတိုင်သူတွေ အများကြီးပဲဗျာ၊ လဝက ကြီး မိုးပွင့်က ပွင့်တုန်းပဲလား''
ဟု လှမ်းပြောသံကြားလိုက်သည်။ ကျွန်တော်လည်း စိတ်ဝင်တစားဖြစ်သွားသည်။ မောင်မောင်နဲ့
ကလည်း ကိုယ့်တူကိုယ့်သားလို ရင်းနှီး ပြီးသားဆိုတော့ ''လုပ်ပါဦး မောင်မောင်ရ။ မင်းတို့လဝက
က မိုးပွင့်စီမံချက်နဲ့ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ လုပ်ပေးနေတာသိပေမယ့် သေချာတော့မသိဘူးကွာ၊
အခုလည်း ငါ့တူတစ်ယောက်က မှတ်ပုံတင်ပျောက်လို့ ထောက်ခံချက်ပဲပါတယ်။ ပျောက်တာကို သွားမလုပ်ဘူး၊
ရုံးကိုသွားရမှာ ကြောက်နေတယ်ထင်ပါရဲ့ကွာ'' ဟု ကြားဝင် အဆိုပြုလိုက်သည်။ ''ဟုတ်တယ် ဦးလေးရေ၊
အခုလည်း မောင်မောင်က ကျွန်တော့်ရပ်ကွက်မှာ မိုးပွင့်(အထူး) စီမံချက်ဆောင်ရွက်ဖို့ လာရှင်းပြနေတာ။
ဒီစီမံချက်က အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိတဲ့ ရပ်ကွက်သူ ရပ်ကွက် သားတွေအတွက်
မဖြစ်မနေ ဆောင်ရွက်ပေးမယ့် အစီအမံပဲဗျို့။ အဓိကကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက်
အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်ကို ကွက်ပြည့်နင်းပြီး ထုတ် ပေးဖို့ပေါ့ဗျာ။ တစ်နိုင်ငံလုံးလုပ်မယ့်
စီမံချက် ဆိုတော့ ပြည်သူ တွေအတွက် ဝမ်းသာစရာပေါ့။ ကဲမောင်မောင်ရေ အစ်ကို့ကို ရှင်းပြသလို
ဒီမှာရှိတဲ့ လူတွေလည်း ကြိုသိရအောင် ရှင်းပြပေး လိုက်ပါကွာ'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက
ထပ်ဆင့် အဆိုပြုလိုက်ပြန်သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးပြော လိုက်တော့ ရုံးထဲမှာရှိသူတွေရော၊
အနီးအပါးမှာရှိသူတွေ ပါ ဝိုင်းလာကြသည်။ မောင်မောင်က ကျွန်တော်တို့ မြို့နယ် လဝကရုံးမှ
လဝကမှူးတစ်ဦးဖြစ်ပြီး၊ ကျွန်တော်တို့ ရပ်ကွက်သားဖြစ်၍ အားလုံးကသိကြသည်။ အားလည်း အားကိုးရသူဖြစ်သည်။
မောင်မောင်က ထိုင်နေရာမှ မတ်တပ် ရပ်ရင်း ''ကဲ ကြုံတုန်းပဲဆိုပါတော့၊ ကျွန်တော်တို့လဝကက
ပြည်သူတွေအတွက် ဆောင်ရွက်နေတဲ့ မိုးပွင့်စီမံချက် အကြောင်းကို ကျွန်တော်ရှင်းပြပါမယ်''
ဟု ဆိုလိုက်တော့ အားလုံးငြိမ်ပြီး နားထောင်ကြသည်။
ယခုနိုင်ငံတော်အစိုးရလက်ထက်တွင် ပြည်သူကိုဗဟိုပြု၍ ပြည်သူတို့၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရန်
ဌာနအားလုံးက ဆောင်ရွက်ခဲ့ကြသည်။ လဝကဟု အများသိသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနသည်လည်း ဌာန၏ ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာမှာ ပြည်သူတို့၏လိုအပ်ချက်ကို
ဖြည့်ဆည်းပေးမှုအဖြစ် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကို
သတ်မှတ်နှုန်းထားဖြင့် လွယ်လွယ်ကူကူရရှိနိုင်စေရေး ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင်
သတ်မှတ် ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် သွေဖည်ခြင်းမရှိဘဲ ဖြေလျှော့နိုင်သည့်နည်းလမ်းများကို
ဆက်စပ်ဌာနများနှင့် ညှိနှိုင်းတိုင်ပင်ကာ မဖြစ်မနေလိုအပ်သည့် အထောက် အထားများမှလွဲ၍
ကျန်အချက်များကို ဖြေလျှော့ ဆောင်ရွက် ခဲ့သည်။
လွယ်ကူလျင်မြန်စွာ ရရှိရေးအတွက် ဖြေလျှော့ သောစနစ်ဖြင့် နိုင်ငံတစ်ဝန်း ရပ်ကွက်/ကျေးရွာအရောက်
ကွင်းဆင်း ဆောင်ရွက်သည့် စီမံချက်ကိုချမှတ်ခဲ့သည်။ ယင်း စီမံချက်သည် ပြည်သူများ၏ လိုအပ်ချက်
ဖြစ်သည့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တို့ကို ပြည်သူများအပေါ်သို့
မိုးပွင့်မိုးစက် လေးများသဖွယ် ညင်သာသိမ်မွေ့စွာ ဖြန့်ကြဲပေး လိုက်ခြင်းဖြစ်၍ မိုးပွင့်စီမံ
ချက်ဟု ဌာန၏ အကြီးအကဲကပင် အမည်ပေး ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူများအတွက် အေးချမ်းစေမည့် နိမိတ်ပုံသွင် ယင်းမိုးပွင့်စီမံချက်သည် ၁-၇-၂ဝ၁၁
မှစ၍ အဆင့်(၁)အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၃၁-၁၂-၂ဝ၁၄ အထိ မိုးပွင့်အဆင့်(၇) ပြီးဆုံးခဲ့ပြီဖြစ်သည်။
မိုးပွင့်အဆင့်(၁)မှ အဆင့်(၇)အထိ တစ်နိုင်ငံလုံးကွင်းဆင်းဆောင်ရွက်ခဲ့မှု ကြောင့် အိမ်ထောင်စုလူဦးရေစာရင်း
၆၉၆၁၂၁ စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၂၅၅၁၄၃ ကတ်အား ပြည်သူများလက်ဝယ်သို့ အရောက်ပို့ဆောင်ထုတ်ပေးနိုင်ခဲ့
သည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းကို အခမဲ့၊ နိုင်ငံသားစိစစ်ရေးကတ်ပြား
ဆောင်ရွက်ရာတွင် သတ်မှတ်နှုန်းထားဖြစ်သည့် အသစ်ပြုလုပ် ခ ခြောက်ကျပ်၊ ပျောက်ဆုံး/ပျက်စီးလျှင်
၁ဝကျပ်၊ လဲလှယ် ဆောင်ရွက်ပါက သုံးကျပ်သာကုန်ကျသည်။ ယင်းသတ်မှတ် နှုန်းထားသည် နိုင်ငံတော်သို့
တရားဝင်ပေးသွင်းရသည့် အခငွေဖြစ်ပြီး၊ ယင်းကတ်ပြားဆောင်ရွက်ရာတွင် လိုအပ် သည့် စာရွက်စာတမ်း
မိတ္တူကူးခ၊ ဓာတ်ပုံရိုက်ခ၊ သွေးစစ်ခ၊ ထောက်ခံချက်ပြုလုပ်ခြင်း စသည့်ကုန်ကျစရိတ်များမှာ
ကာယကံရှင် ကိုယ်တိုင်ကျခံရမည်ဖြစ်သည်။ နိုင်ငံသားစိစစ် ရေးကတ်ပြားသည် ဂျပန်နိုင်ငံမှ
မှာယူသောစက္ကူဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကတ်ပြားတစ်ခု၏ အမှန်တကယ် ကုန်ကျ တန်ဖိုးမှာ
၃၅ကျပ်ဖြစ်သည်။ ပြည်သူများထံမှ ခြောက်ကျပ်သာ ကောက်ခံသည့်အတွက် ကတ်တစ်ကတ်ခြင်းတွင် နိုင်ငံတော်က
၂၉ကျပ် စိုက်ထုတ် အကုန်အကျခံ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အချို့ဒေသများတွင် စေတနာအလျောက်
အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ပြည်သူများအတွက် အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကရင်နှင့်ကယားပြည်နယ် တစ်ခုလုံး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့၏ မြို့နယ် အချို့၌ နိုင်ငံ တကာအဖွဲ့အစည်းများ၏ အကူအညီကြောင့်
ပြည်သူများ ကုန်ကျစရိတ်လုံးဝမရှိဘဲ အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့သည်။
''တချို့က ဒါကို ကွဲကွဲပြားပြားမသိဘူး။ လဝကက ပြောတော့ ခြောက်ကျပ်၊ ငါတို့ကုန်တာ
နှစ်ထောင် /သုံးထောင် ပါကွာဆိုပြီး၊ တခြားကုန်ကျစရိတ်တွေပါ ထည့်တွက်ပြီး မှတ်ပုံတင်လုပ်လို့ကုန်တာလို့
လွဲမှားစွာ ပြောဆိုနေကြပါ တယ်။ နိုင်ငံတော်ကို ပေးသွင်းရတဲ့ငွေနဲ့ မိမိကိုယ်တိုင် စိုက်ထုတ်ကုန်ကျရမယ့်ငွေကို
ခွဲခြားသိဖို့လည်း အရေးကြီး ပါတယ်''ဟု မောင်မောင်က ရှင်းပြသည်။ ''မောင်မောင် ပြောတာမှန်တယ်။
ဦးလည်းအဲလိုပဲ ကုန်ကျစရိတ်တွေများတယ် လို့ ထင်တာပဲလေ'' ကျွန်တော်က ဝင်ပြောမိသည်။ နားထောင်
နေကြသူများကလည်း ငြိမ်သက်စွာ အာရုံ စိုက်နေကြသည်။ ကျွန်တော် အပါအဝင်ပေါ့။ မောင်မောင်က
ဆက်ရှင်း ပြနေသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လူတော်တော်များများက ခရီးသွားရာတွင်
သက်ဆိုင်ရာမှ တောင်းယူကြည့်ရှုသည့်အခါ ထုတ်ပြနိုင်ရန် ဆောင်ထားကြသည်။ ကတ်ပြားတန်ဖိုး
ခြောက်ကျပ်ဆိုသော်လည်း ကတ်ပြားအတွက် မမြင်နိုင်သည့် တန်ဖိုးများက များစွာရှိသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား
သည် နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့် အဝရရှိစေနိုင်သည့် အထောက်အထားတစ်ခု။
နိုင်ငံသားစိစစ် ရေးကတ်ပြားသည် ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံမှု၊
စာချုပ်စာတမ်း စသည့်လူမှုဘဝ နယ်ပယ်အသီးသီးတွင် မရှိမဖြစ်လိုအပ်သည့် အဖိုးတန် ကတ်ပြားဖြစ်သည်။
ယုတ်စွအဆုံး အိမ်ထောင်ပြု၍ လက်ထပ် စာချုပ်ချုပ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားလိုအပ်သည်။
ကတ်ပြားနံပါတ်သည် လူတစ်ဦးအတွက် ကတ်ပြားရရှိချိန်မှ သေဆုံးချိန်အထိ တစ်ခုတည်းဖြစ်၍
အလွတ်ရသည်အထိ မှတ်သား ထားရန် လိုအပ်သည်။ အိမ်ထောင်စုလူဦးရေစာရင်း ဆိုလျှင်လည်း မိသားစုအတွင်း
မွေးဖွားမှုအတွက် မွေးတိုး၊ သေဆုံးမှုအတွက် စာရင်းလျော့ဆောင်ရွက်ခြင်း၊ နေရာဒေသ ပြောင်းရွှေ့နေထိုင်လျှင်
ပြောင်းဝင်/ပြောင်း ထွက်ပြုလုပ်ခြင်း တို့ စနစ်တကျဆောင်ရွက်ရသည်။ သို့မှသာလူဦးရေစာရင်း
တိကျမှန်ကန်မည်ဖြစ်သည်။ နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုလည်း ပျက်စီး/ပျောက်ဆုံးလျှင်
သတ်မှတ်ချက်များနှင့် အညီ ကတ်ပြား ပြန်လည် လျှောက်ထားရယူနိုင်သည်။ သို့သော် ကတ်ပြားအပိုမကိုင်ရ။
အပိုကိုင်ဆောင်လျှင် ဥပဒေ အရ အရေးယူ ခံရမည်ဖြစ်သည်။ ပြည်သူများအတွက် လဝက၏ မိုးပွင့်ပန်းတို့က
နိုင်ငံတစ်ဝန်းဝေဝေဆာဆာ ပွင့်လန်းလျက်ရှိသည်။
''မင်းပြောမှပဲ ရှင်းတော့တယ်၊ ကတ်ပြားက တော်တော် အသုံးတည့်ပြီး တန်ဖိုးကြီးပါပေတယ်။
ဦးလေးတူ ကိုလည်း သူတို့မြို့ကရုံးသွားပြီး ပျောက်သွားတဲ့ကတ်ပြားအစား အမြန် ပြန်လျှောက်ခိုင်းဦးမယ်။
အခုရော မိုးပွင့်စီမံချက်တွေက လုပ်တုန်းပဲလား၊ လွယ်လွယ်ကူကူနဲ့ရပါဦးမလား မောင်မောင်
ရာ'' ဟု ကျွန်တော်က အလောတကြီး ပြောမိသည်။ ထိုအခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ''ရပြီလားဦးလေးရာ၊
အခုက မိုးပွင့်ရိုးရိုး မဟုတ်ဘူး၊ အထူးဆောင်ရွက်မယ့် မိုးပွင့်(အထူး)စီမံချက်တဲ့။ မောင်မောင်ရေ
ဆက်ရှင်းပြလိုက်ပါဦးကွာ'' ဟု ဝင်ထောက်ပေးသည်။ မောင်မောင်က မဆိုင်းမတွပဲ ''ဟုတ်ပါတယ်
ဦးလေးရေ။ ကျွန်တော်တို့အရင်လုပ်ခဲ့တဲ့ မိုးပွင့်က အဆင့်(၁)ကနေ (၇)အထိပေါ့၊ အခုက မိုးပွင့်(အထူး)၊
အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို သတ်မှတ် နှုန်းထားနဲ့ လွယ်လွယ်ကူကူ
ထုတ်ပေးမှာတော့ အတူတူပဲ။ ဒါပေမယ့် လုပ်နည်း လုပ်ဟန်တော့ မတူဘူးဦးလေး'' ဟု ဟန်ပါပါ
ရှင်းပြသည်။
မိုးပွင့်အဆင့်(၁)မှ အဆင့်(၇)အထိ ဆောင်ရွက်ရာတွင် တိုင်းရင်းသား မိဘနှစ်ပါးမှ
မွေးဖွားသူများအတွက် အိမ် ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို
သတ်မှတ်နှုန်းထားဖြင့် လွယ်ကူလျင်မြန်စွာ ရရှိစေရေးအတွက် လဝက ဝန်ထမ်းများက သက်ဆိုင်ရာ
ရပ်ကွက်ကျေးရွာ အရောက် ကွင်းဆင်းပြီး One Stop Service ဖြင့် ဆောင်ရွက်ထုတ်ပေးခြင်းဖြစ်သည်။
မိုးပွင့်စီမံချက်သည် ပြည်သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှုတစ်ရပ်အဖြစ် ထိထိရောက်ရောက်
ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လဝက ဝန်ထမ်းများသည် မြို့နယ်ရုံးတစ်ရုံး၌ အင်အား ၁ဝ ယောက်
ကျော်သာရှိသည်။ လုပ်ငန်းတိုင်းက ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ပေါ်တွင်သာ အခြေတည်ဆောင်ရွက်ရပြီး
လူတစ်ဦးချင်းစီ၏ မျိုးရိုးစဉ်ဆက် အထောက် အထားများအရ စိစစ်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ
ရပ်ကွက် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးရန် မဖြစ်နိုင်ပေ။ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက်
ကာယကံရှင် ကိုယ်တိုင် ဥပဒေနှင့်အညီ အထောက်အထားများတင်ပြ၍ လျှောက်ထားရန်တာဝန်ရှိသည်။
ပြည်သူများ ကုန်ကျစရိတ် သက်သာပြီး လွယ်ကူအဆင်ပြေစွာဖြင့် တစ်နေရာတည်းတွင် ရရှိစေလိုသည့်
နိုင်ငံတော်အစိုးရ၏ စေတနာအမှန်ကြောင့် မိုးပွင့်တို့က ပြည်သူများအပေါ် ဖျန်းပက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စု စာရင်းမရှိသူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ
မိမိတို့ တိုင်းရင်းသားများ များစွာရှိနေသေးသည်။ ''အိမ်ထောင်စု စာရင်းနဲ့မှတ်ပုံတင်မရှိလည်းဖြစ်တာပါပဲ။
ဒီမှာမွေး ဒီမှာနေနေ တာ၊ တို့ကဘယ်မှသွားတာလည်းမဟုတ်၊ ဘာမှလုပ်မှာလည်း မဟုတ်တော့ရှိနေရင်
သိမ်းဖို့ တောင်ခက်ပါတယ်ကွာ'' လို့ နိုင်ငံသား စိစစ်ရေး ကတ်ပြား၏ အမှန်တန်ဖိုးကို မသိရှိသူများ၏
အယူအဆက နေရာ တော်တော်များများ၌ စိုးမိုးနေဆဲ ဖြစ်သည်။ ယခုဆောင်ရွက်မည့် မိုးပွင့်(အထူး)စီမံချက်က
ယခင်မိုးပွင့် စီမံချက်များနှင့်မတူခြင်းမှာ ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအပေါ်
ပြည်သူ များက သိရှိနားလည်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိ သေးကြောင်းကို ကာယကံရှင်ကိုယ်တိုင်
စာရင်း ပေးသွင်း ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းဖြစ်သည်။
''မိုးပွင့်(အထူး)အတွက် နားမရှုပ်သွားပါနဲ့၊ ကျွန်တော် သေသေချာချာ ရှင်းပြပါမယ်''
ဟု မောင်မောင်က ဆက်လက် ပြောကြားသည်။ တော်သေးတာပေါ့ အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သူ
ကျွန်တော်ပင်လျှင် ''ဘာမတူတာလဲ'' ဟု မေးတော့မလို့။
မိုးပွင့်(အထူး)စီမံချက်အား နိုင်ငံတော်က လဝကနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်
တိုင်းဒေသကြီး/ပြည်နယ်အဆင့် မှ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်အထိ နိုင်ငံသားစိစစ်ရေး
ကတ်ပြားထုတ်ပေးရေး ကြီးကြပ်မှုကော် မတီများဖွဲ့စည်း ပေးခဲ့သည်။ ဌာနအဖွဲ့အစည်း အားလုံးပူးပေါင်းပြီး
နိုင်ငံတော်အစိုးရ၏ တတိယအဆင့် ပြုပြင်ပြောင်းလဲရေး (Third Wave Reform) လုပ်ငန်းစဉ်အရ
ပြည်သူတို့၏ လက်ငင်းလိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေး သည့် အစီအစဉ်တစ်ခုအဖြစ်
အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ပထမဦးဆုံးဆောင်ရွက်ရန်မှာ မြို့နယ်များအတွင်း ရှိ ရပ်ကွက်/ကျေးရွာအလိုက်
အုပ်ချုပ်ရေးမှူးများ ဦးဆောင် ၍ ရာအိမ်မှူး/ဆယ်အိမ်မှူးများက နိုင်ငံသားစိစစ်ရေး ကတ်ပြား
မပြုလုပ်ရသေးသူ၊ အိမ်ထောင်စုစာရင်း မရှိသူ များကို အိမ်ထောင်စုအလိုက် ကွက်ပြည့်နင်း၍
စာရင်း ကောက်ယူ ခြင်းဖြစ်သည်။ အဓိက အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများကို
ဦးစားပေး ကောက်ယူမည်ဖြစ်သည်။ အကြောင်းမှာ မကြာမီကျင်းပတော့ မည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်
မဲပေးနိုင် ခွင့်ရှိသူ မြန်မာနိုင်ငံသားများ ဥပဒေနှင့်အညီ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး
ရယူကိုင်ဆောင်နိုင်ရေး အတွက်ဖြစ်သည်။ စာရင်းကောက်မှာကတော့ မရှိသေးသူ အားလုံးကို ကောက်ယူမည်ဖြစ်သည်။
ယင်းသို့ကောက်ယူ ရရှိသည့် စာရင်းများကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များက သက်ဆိုင်ရာ
မြို့နယ်လဝကရုံးသို့ ပေးပို့မည်။ လဝက ရုံးများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ
အတွက် êကြိုတင်ဖြည့်သွင်းရန် ရှေ့ပြေးလျှောက် လွှာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ
ê ကြိုတင်ဖြန့်ဝေထားမည် ဖြစ်၍ ယင်းရှေ့ပြေးလျှောက်လွှာများအား ရပ်ကွက်၊ ကျေးရွာ များ၌
êကြိုတင်စီစဉ်ထားသည့် ပုံစံရေးသွင်းကူညီဆောင်ရွက် မည့်သူများက အိမ်ထောင်စု အလိုက် ကာယကံရှင်များအား
ကိုယ်ရေးအချက်အလက်များမေးမြန်း၍ စာရင်းဖြည့်သွင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းရှေ့ပြေးလျှောက်လွှာများ
ဖြည့်သွင်းပြီးပါက လိုအပ်သောထောက်ခံချက်များ ရယူရန် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင်
လိုအပ်သောစာရွက် စာတမ်းများ ပြည့်စုံစွာရရှိစေရေးအတွက် ပြည်သူများ ကြိုတင်သိရှိဆောင်ရွက်နိုင်ရန်
နည်းလမ်းပေါင်းစုံဖြင့် ရှင်းလင်းချပြထားရန်လည်း လိုအပ်မည် ဖြစ်သည်။ ရှေ့ပြေး လျှောက်လွှာနှင့်
အထောက်အထားများ ပြည့်စုံပါက ကွင်းဆင်းအဖွဲ့များ လာရောက် ဆောင်ရွက်မည့်နေ့ရက်နှင့် နေရာအားê
ကြိုတင်အကြောင်းကြားထားပြီး ယင်းအဖွဲ့ လာရောက်သည့်အခါ ကာယကံရှင်များကိုယ်တိုင် လာရောက်
ဆက်သွယ်ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ယူကြ သည့် နည်းလမ်းဖြစ်ပါသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရာတွင်လည်း မိမိနယ်မြေအလိုက် နိုင်ငံသားစိစစ်ရေး
ကတ်ပြားအသစ် လျှောက်ထားသူ၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်သူ၊ ပျောက် ဆုံး/ပျက်စီးခြင်းအတွက်
မိတ္တူလျှောက်ထားသူ စသည်ဖြင့် ခွဲခြား၍ စာရင်းပြုစုရမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေး
ကတ်ပြားကို လဝက၏ အိမ်ထောင်စု လူဦးရေစာရင်းရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ကိုလည်း
ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုမိုးပွင့်(အထူး)
စီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် အိမ်ထောင်စု အလိုက်
ကွက်ပြည့်နင်း၍ တစ်အိမ်တက်ဆင်းမေးမြန်းကာ မပြုလုပ်ရသေးသူ၊ ပျောက်ဆုံး/ ပျက်စီးသူများစာရင်းကို
ကြိုတင်ကောက်ယူမည်ဖြစ်သည့်အတွက် ကာယကံရှင် ကိုယ်တိုင်က မပြုလုပ်ရသေးကြောင်းကိုသာ ဖြေကြားပေး
ရန်ဖြစ်သည်။ ယင်းကဲ့သို့ ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ
ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်။
''ကောင်းလိုက်တဲ့စီမံချက်ပဲ။ မရှိသေးတဲ့သူက စာရင်း လာကောက်တဲ့အခါ မရှိသေးကြောင်း
စာရင်းပေးထားဖို့ တော့လိုတာပေါ့။ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ပြောထား ကြရင် ပိုကောင်းမယ်ထင်တယ်။
ရပ်ကွက်ကလည်း ဝိုင်းကူဖို့ လုပ်အားပေးကလေးတွေ စုထားဖို့လိုမယ်နော်'' ဟု ကျွန်တော် က
စိတ်စော၍ပြောလိုက်သည်။ ''မပူပါနဲ့ဦးလေးရယ်၊ ကျွန်တော်ကြိုပြီး စီစဉ်ထားပါတယ်။ တစ်အိမ်တက်ဆင်း
စာရင်းကောက်မယ့်အဖွဲ့တွေဖွဲ့ပြီး မကြာခင် စာရင်းလိုက် ကောက်တော့မှာပါ။ ဘာတွေလိုအပ်တယ်ဆိုတာကိုလဲ
ရပ်ကွက်ရုံးမှာ ဆိုင်းဘုတ်ထောင်ပေးထားမယ်လေ'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြန်ဖြေလိုက်သည်။
မောင်မောင် ကတော့ ဆက်လက်ရှင်းပြသည်။
ဌာန၏ကွင်းဆင်းလုပ်ငန်းကို နှစ်လတာ ဆောင်ရွက်ပြီး ရုံးထိုင်၍ စာရင်းရေးသွင်းရန် တစ်လ အချိန်ယူမည်ဖြစ်သည်။ ပြီးလျှင် နှစ်လကြာကွင်းဆင်း ပြီး တစ်လရုံးထိုင်ဆောင်ရွက်မည်။ မိုးပွင့်(အထူး)စီမံချက်က ၁-၁-၂ဝ၁၅မှ ၃ဝ-၆-၂ဝ၁၅ ထိ ခြောက်လကြာ ဆောင် ရွက်မည့်စီမံချက်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သည် တိုင်းရင်း သားများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး သွေးနှောများ အတွက်တော့ မှတ်တမ်းမှတ်ရာများ တိုက်ဆိုင်စစ်ဆေးရန် အချိန်ယူရသည့်အတွက် မြို့နယ်လဝကရုံးများတွင်သာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၎င်းတို့အတွက်လည်း စိစစ် စစ်ဆေးချိန်ကြန့်ကြာမှုမရှိစေရေးအတွက် ရုံးထိုင်အဖွဲ့ များဖြင့် အလေးထားဆောင်ရွက်ပေးမည်ဖြစ်သည်။ မိုးပွင့် (အထူး)စီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်နှင့် အားနှင့် ဆောင်ရွက်သည့်စီမံချက်ဖြစ်သည်။
ဌာန၏ကွင်းဆင်းလုပ်ငန်းကို နှစ်လတာ ဆောင်ရွက်ပြီး ရုံးထိုင်၍ စာရင်းရေးသွင်းရန် တစ်လ အချိန်ယူမည်ဖြစ်သည်။ ပြီးလျှင် နှစ်လကြာကွင်းဆင်း ပြီး တစ်လရုံးထိုင်ဆောင်ရွက်မည်။ မိုးပွင့်(အထူး)စီမံချက်က ၁-၁-၂ဝ၁၅မှ ၃ဝ-၆-၂ဝ၁၅ ထိ ခြောက်လကြာ ဆောင် ရွက်မည့်စီမံချက်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သည် တိုင်းရင်း သားများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး သွေးနှောများ အတွက်တော့ မှတ်တမ်းမှတ်ရာများ တိုက်ဆိုင်စစ်ဆေးရန် အချိန်ယူရသည့်အတွက် မြို့နယ်လဝကရုံးများတွင်သာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၎င်းတို့အတွက်လည်း စိစစ် စစ်ဆေးချိန်ကြန့်ကြာမှုမရှိစေရေးအတွက် ရုံးထိုင်အဖွဲ့ များဖြင့် အလေးထားဆောင်ရွက်ပေးမည်ဖြစ်သည်။ မိုးပွင့် (အထူး)စီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်နှင့် အားနှင့် ဆောင်ရွက်သည့်စီမံချက်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံတော်လုံခြုံ ရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့်
ဆက်စပ်နေပြီးရသင့် သူများအတွက် လွယ်လွယ်ကူကူရရှိရေး ဆောင်ရွက်ပေး ခြင်းဖြစ်သကဲ့သို့
မရသင့်သူများရရှိမသွားအောင် စိစစ် ဆောင်ရွက်ရန်လည်း အရေးကြီးလှသည်။ မိမိတို့နိုင်ငံသည်
နိုင်ငံသားဖြစ်မှုကို လူတစ်ဦးနှင့်တစ်ဦး သွေးချင်းဆက်စပ် မှုအပေါ် မူတည်စိစစ်ဆုံးဖြတ်သည့်နိုင်ငံဖြစ်သည်။
တချို့နိုင်ငံများက ¤င်းတို့နိုင်ငံတွင် မည်ရွေ့မည်မျှနေထိုင် သည်ဆိုသည့် မြေပေါ်နေထိုင်မှုကို
စိစစ်ဆုံးဖြတ်၍ နိုင်ငံ သားသတ်မှတ်ကြသည်။
''ဟုတ်သားပဲ။ တို့နိုင်ငံက ဆွေမျိုးသားချင်း သွေးသား ဆက်စပ်မှုနဲ့ စဉ်းစားဆုံးဖြတ်တာပဲ။
သွေးမတော်သားမစပ် ရင် နိုင်ငံသားဖြစ်ဖို့မရှိဘူးကွ။ ဒါတော့လည်း ငါသိတယ် မောင်မောင်ရေ''
ဟု ကျွန်တော်က ဝင်ပြီးထောက်ခံလိုက် ပါသည်။ ''သိရုံနဲ့မပြီးဘူး ဦးလေးရေ၊ သိတာလေးတွေကို
တခြားသူတွေမျှဝေရှင်းပြပေးပါဦး။ အားလုံးပဲ မရှင်းတာ ရှိရင်လည်း အချိန်မရွေးလာမေးကြပြီး
သိသမျှကို ကိုယ့် ပတ်ဝန်းကျင်ရှိသူတွေ လက်ဆင့်ကမ်းပြောပေးကြပါဗျာ။ ကျွန်တော်တို့အဖွဲ့တွေလည်း
ရပ်ကွက်ထဲကို လိုက်လံရှင်းပြဦး မှာပါ။ဒါကတော့အကြိုကြော်ငြာဝင်လိုက်တာပေါ့ဗျာ။ ကဲ ဥက္ကဋ္ဌရော၊
ဦးလေးပါ ကျွန်တော်လည်း ပြန်လိုက်ပါဦးမယ်။ စီမံချက်အစီအစဉ် အသေးစိတ်ကို ကျွန်တော်တို့မြို့နယ်လဝက
ဦးစီးမှူးကလည်း လာရောက်ရှင်းပြဦးမှာပါ။ အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ''ဟု မောင်မောင်က
ပြောပြောဆိုဆို ဖြင့် ရုံးအတွင်းမှ ပြန်လည်ထွက်ခွာသွားသည်။
ရပ်ကွက်ရုံးအတွင်းရောက်ရှိပြီး ရှင်းပြမှုများကို အာရုံ စိုက်နားထောင်နေသူများကလည်း
ခေါင်းတညိတ်ညိတ်ဖြင့် ပီတိဖြစ်နေကြသည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း
မောင်မောင်ရှင်းပြသည့်မိုးပွင့်အကြောင်း ကို ကောင်းကောင်းသိလိုက်ရသဖြင့် ရင်ထဲမှာရှင်းသွားသလို
ခံစားရသည်။ ဘာပဲပြောပြော ကျွန်တော်တို့နိုင်ငံသားတွေ မိုးပွင့်(အထူး)စီမံချက်ကြောင့်
နိုင်ငံသားအခွင့်အရေးအပြည့် အဝရရှိနိုင်မည့် အထောက်အထားတစ်ခုကို လက်ဝယ် ပိုင်ပိုင်ရရှိကြတော့မည်။
ကောင်းလေစွဟု မုဒိတာစိတ် ဝင်မိသည်။ တစ်ဖန်ရရှိပြီးသူများကလည်း စနစ်တကျ မှတ်သားထိန်းသိမ်းကိုင်တွယ်ကြရန်လည်း
လိုအပ်လှသည်။
ကျွန်တော်လည်း တူတော်မောင်များအတွက် ဧည့် စာရင်းတိုင်ရင်း ပြည်သူများအတွက် ဆောင်ရွက်သည့်
မိုးပွင့်(အထူး)စီမံချက်အကြောင်းကို အမှတ်မထင်ကြားသိ ခဲ့ရသည့်အတွက် ဝမ်းသာကြည်နူးမိသည်။
ရှင်းလင်း ပြောပြသူ လဝကဝန်ထမ်းမောင်မောင်ကိုလည်း ချီးကျူး လေးစားမိသည်။ သူဆောင်ရွက်ရသည့်တာဝန်ကို
တိတိ ကျကျ သိရှိနားလည်ပြီး ပြည်သူတွေသိအောင် ရှင်းပြနိုင် သည့်အတွက် ဝန်ထမ်းကောင်းအဖြစ်
အငြိမ်းစားဝန်ထမ်း ကြီး ကျွန်တော်က အသိအမှတ်ပြုမိသည်။ ကျွန်တော့် ရပ်ကွက်အတွင်း မိုးပွင့်(အထူး)စီမံချက်
ကွင်းဆင်း ဆောင်ရွက်ပြီးပါက ကျွန်တော်လည်း တတ်နိုင်တဲ့ဘက်က ကူလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။
ကူလုပ်ရုံဖြင့်အားရမည် မထင်သည့်အတွက် ပါလာသည့်ဓာတ်မီးလေးကိုထိုးပြီး ရပ်ကွက်ရုံးကအပြန်
မောင်မောင်ရှင်းပြချက်များကို စာစီ နေမိသည်။ မိုးပွင့်(အထူး)စီမံချက်အကြောင်း ပြည်သူ
တွေသိဖို့ ဆောင်းပါးအဖြစ် ပုံဖော်ရင်း မုဒိတာပွားဦးမှ။
နိုင်ငံတစ်ဝန်း၊ မိုးပွင့်ပန်းတို့၊
အစဉ်လန်းပွင့်၊ အားမာန်တင့်လျက်၊
ပြည်သူတွေအတွက် ညီညီညာ
တိုင်းကျိုးပြည်ပြု ပြည်သာယာ ။
No comments:
Post a Comment