ဟင်္သာတ ဖေဖော်ဝါရီ ၁၄
ဇလွန်မြို့နယ်
အထွဋ်ကျေးရွာအုပ်စု ရုံးတောကျေးရွာနေ မရီမြင့် အသက် ၂၉ နှစ် နေအိမ်မီးကြွင်း မီးကျန်မှ
တဆင့် ယနေ့ နေ့လည် ၂ နာရီ ၅၀ မိနစ် က မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုကြောင့်
ရုံးတောရွာမှ နေအိမ် ၂၃ လုံး မီးလောင်ဆုံးရုံးခဲ့ပြီး မိသားစုဝင် ၉၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်
ခဲ့သည်။ အဆိုပါ မိသားစုဝင်များအား ကျေးရွာ အမကကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင်
ယာယီ နေရာ ချထားပေးသည်။ မီးလောင်ကျွမ်းမှုအား ဝိုင်းဝန်းငြိမ်းသတ်မှု ကြောင့် ညနေ ၃ နာရီ
၄၀ မိနစ်တွင် မီးငြိမ်း သွားခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း
ကနဦးသတင်းသိရှိရပါသည်။
No comments:
Post a Comment